UNFC နဲ့ ငြိမ်းချမ်းရေး ကော်မတီ ညှိနှိုင်း

bbc_ethnic_
Image caption UNFC တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ရဲ့ နည်းပညာ အထောက် အကူပြု အဖွဲ့ နဲ့ ဇူလိုင်လ ၁၃ ရက်နေ့ မှာ နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးဖို့ ထိုင်းနိုင်ငံ မှာ တွေ့ဆုံ ကြမှာပါ။

မူလ က KIO နဲ့ အရင် တွေ့ဆုံဖို့ ရှိပေမယ့် အခုတော့ UNFC နဲ့ တွေ့ဖို့ ဖြစ်လာ ပါတယ်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ကတော့ KIO နဲ့ ဆွေးနွေးမှု ကို ဘယ်လို စီစဉ် နားလည်မှု နဲ့ ပြောင်းလိုက်မှန်း မသိဘူးလို့ ဘီဘီစီကို ရှင်းပြပါတယ်။

KIO နဲ့ ဆွေးနွေးပွဲ ကို UNFC က ဦးစားပေး ထားခဲ့ပုံ၊ အခုတော့ လည်း UNFC အနေနဲ့ မဆွေးနွေးရတာ ကြာပြီ ဖြစ်လို့ နှစ်ဘက် စလုံး ထိုင်းနိုင်ငံမှာ တွေ့ဖို့ သဘောတူကြတာ ကို ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်း က ဇူလိုင်လ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး နဲ့ သဘောတူညီချက် ရအောင် လုပ်နိုင်ဖို့ ပြောပေမယ့် လက်တွေ့မှာ ဖြစ်နိုင်မယ့် အလားအလာ မရှိကြောင်း၊ KIO နဲ့ ဆွေးနွေးပွဲ နေရာ မကျသေးတဲ့ အတွက် ဖြစ်နိုင်မယ့် အလားအလာ မရှိပုံ ကို နိုင်ဟံသာ က ပြောပါတယ်။

လာမယ့် ဆွေးနွေးပွဲ မှာ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဘက် က ဦးလှမောင်ရွှေ ဦးဆောင်ပြီး UNFC ဘက် က ဦးမန်းမန်း ဦးဆောင် ဆွေးနွေးမယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ