မိတ္ထီလာ ပဋိပက္ခမှာ ၆၅ ယောက်ကို အပြစ် ချပြီး

Security Forces in Meikhtila
Image caption မိတ္ထီလာ ပဋိပက္ခမှာ လူပေါင်း ၄၀ ကျော် သေဆုံးခဲ့

မိတ္ထီလာ မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ပြစ်မှု ကျူးလွန်သူ ၂၃ ယောက်ကို ဇူလိုင်လ ၁၀ ရက်နေ့က မိတ္ထီလာ ခရိုင်နဲ့ မြို့နယ် တရားရုံး တို့က ပြစ်ဒဏ်တွေ ချမှတ်လိုက် ပါတယ်။

မွတ်ဆလင် စာသင်ကျောင်း တစ်ကျောင်းမှာ ကျောင်းသား တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ အပါအဝင် ဆူပူ သတ်ဖြတ်မှု တွေမှာ ပါဝင် ခဲ့သူတွေကို ထောင်ဒဏ် ၂ နှစ်ကနေ ၁၅ နှစ် အထိ အသီးသီး ချမှတ်ခဲ့ တာ ဖြစ် ပါတယ်။

ဒါပေမဲ့ အပြစ် ကျသူတွေဟာ ဘယ် ဘာသာဝင်တွေ ဖြစ်တယ် ဆိုတာကိုတော့ ဖော်ပြ မထား ပါဘူး။

မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၀၇ ယောက် ထဲမှာ အခု အချိန် အထိ တရားခံ ၆၅ ယောက်ကို အပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ မှုခင်း ဌာနက ရဲမှူး ဦးသက်ထွန်းက ပြောပါတယ်။

အဲဒီထဲမှာ ဗုဒ္ဓဘာသာ ၇၈ ယောက်နဲ့ မွတ်ဆလင် ၂၉ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ အထိ ပြစ်ဒါဏ် ချမှတ်ပြီး ဖြစ်တဲ့ ပြစ်မှုတွေ ထဲမှာ လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ နာကျင်စေမှု၊ အထိတ်တလန့် ဖြစ်စေမှုတို့ အပါအဝင် ပုဒ်မ ၈ မျိုးနဲ့ အရေးယူ ခဲ့ပြီးတဲ့ အမှုပေါင်း ၂၄ မှု ရှိတယ်လို့ လည်း ဦးသက်ထွန်းက ပြောပါတယ်။

MEIKHYILAအခု အမိန်ချခံ ထားရတဲ့ ၆၅ ယောက် ထဲမှာ တခြား စွဲချက်တွေ နဲ့ နောက်ထပ် အပြစ် ကျခံရနိုင် ဖွယ်ရာ ရှိသူ ၅ဝ ကျော် ရှိတယ်လို့ ရဲမှူး ဦးသက်ထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ