နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသား တယောက်မှ ထောင်ထဲ မကျန်စေရဘူးလို့ ကတိပေး

Image caption မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်

ဗြိတိန် နိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်က ဒီနှစ်ကုန် ကျရင် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား တယောက်မှ မကျန်အောင် ပြန်လွှတ်ပေးမယ်လို့ ကတိပေး စကား ပြောကြားခဲ့ ပါတယ်။

လန်ဒန်ကို ရောက်ခိုက် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လာမယ့် သီတင်းပတ်တွေ အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး သဘောတူညီချက် ရနိုင်ချေ ရှိကြောင်းနဲ့ သူ့အဆိုအရ နှစ်ခြောက်ဆယ် အတွင်း ပထမဆုံး သေနတ်သံတွေ ချုပ်ငြိမ်းသွားတော့မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

သူဟာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့လည်း အစောပိုင်းတုန်းက တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေကို ဗုဒ္ဓဘာသာဝင် လူများစုက မနှစ်တုန်းက လုယက်ဖျက်စီး တိုက်ခိုက်ခဲ့တာတွေကို အလွန်အမင်း စိုးရိမ်မိတယ်လို့ မစ္စတာ ကင်မရွန်က ဦးသိန်းစိန်ကို ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထိန်းသိမ်း စောင့်ရှောက်မှုတွေကို ပိုမို အလေးထား ဆောင်ရွက်တာကို မြင်လိုတယ် ၊ ဗြိတိန် အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ ရင်းနှီးမြုပ်နှံမှုနဲ့ စစ်ရေး ဆိုင်ရာ ပူးပေါင်းမှုတွေကို တိုးမြှင့် လုပ်ဆောင်သွားဖို့ စိတ်အားထက်သန်မှု ရှိနေကြောင်း မစ္စတာ ကင်မရွန်က ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ