၂၀၁၄ သန်းခေါင်စာရင်းအတွက် အသင့်ဖြစ်

UN _ Logo
Image caption မြန်မာ သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ကုလ က ကူညီနေ

လာမယ့် ၂၀၁၄ မှာ မြန်မာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူတော့မှာ ဖြစ်ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးနေပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေကလည်း မြန်မာ နိုင်ငံဟာ အဲဒီအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြပါတယ်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က နိုင်ငံလုံးဆိုင်ရာ အစီအစဉ် အရာရှိတဦး ကိုဆက်သွယ် ပြီး ဒီကိစ္စကို မေးတဲ့ အခါမှာ သူက ၂၀၁၄ မှာ နည်းပညာသစ်ကို သုံးသွားမှာ ဖြစ်တယ်လို့ စပြီး ပြောပါတယ်။

OMR လို့ခေါ်တဲ့ နည်းပညာ အသစ်နဲ့ ကောက်ယူ ရရှိတဲ့ အချက်အလက် တွေကို ကွန်ပျူတာ ထဲကို ထည့်သွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သန်းခေါင်စာရင်း မေးခွန်းလွှာ တွေမှာ ပါတဲ့ အချက်အလက် တွေကို ကွန်ပျူတာနဲ့ ဖမ်းယူ ထားတာ ဖြစ်တယ်၊ အဲဒီလို လုပ်ဖို့ အတွက် လိုတဲ့ Scanner စက် ၂ လုံးကိုလည်း ထောက်ပံ့ပေးထား ပြီးဖြစ်တယ်လို့ပြောပါတယ်။

မြန်မာ တနိုင်ငံလုံး အတွက် ဆိုရင်တော့ စက်ပေါင်း ၆ လုံး လောက် လိုအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရရှိတဲ့ အချက်အလက် တွေကို ထည့်သွင်း သွားဖို့ကတော့ ၄ လ ကနေ ၆ လ လောက်အထိ ကြာနိုင်မယ်လို့ ပြောပါတယ်။

သန်းခေါင်စာရင်း အတွက် မေးခွန်း လွှာတွေကိုတော့ ကုလသမဂ္ဂက ထောက်ခံ တင်ပြထားတဲ့ မေးခွန်း၊ နောက်ဆုံး ကောက်ယူ ထားတဲ့ သန်းခေါင်းစာရင်းက မေးခွန်း၊ အိမ်နီးချင်း နိုင်ငံတွေက မေးခွန်းတွေကို ပြန်ကြည့်၊ နိုင်ငံအတွက် မဖြစ်မနေ လိုအပ်တဲ့ အချက်အလက် တွေကို မူတည်လို့ မေးခွန်းလွှာ တွေကို စီစဉ် ထားတယ်လို့ ပြောပါတယ်။ မေးခွန်းလွှာတွေ ထဲမှာတော့ လူမျိုး နဲ့ ပတ်သက်လို့ ဖြည့်တဲ့ သူရဲ့ အပေါ်မှာသာ မူတည်ကြောင်း နဲ့ တိုင်းရင်းသား ၁၃၅ မျိုး ကို အခြေခံထားကြောင်း ပြောပါတယ်။

သန်းခေါင်စာရင်းကိုတော့ လာမယ့် ၂၀၁၄ မတ်လ ၃၀ ကနေ ဧပြီလ ၁၀ ရက်အထိ ၁၂ ရက်ကြာ ကောက်ယူ သွားမယ်လို့ ပြောကြား သွားပါတယ်။