သတင်းစာတွေက ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ

Image caption ၈၈ တုန်းက ရန်ကုန်နဲ့ မန္တလေးမှာ သတင်းစာနဲ့ စာစောင်တွေ ၁ဝဝ လောက် ထွက်ပေါ်ခဲ့ ပါတယ်

၈၈၈၈ လူထုအုံကြွမှု တုန်းက ရေးသား ခဲ့တဲ့ သတင်းစာ တွေက အရေး ပါတဲ့ အကြောင်း အရာ တွေကို စုစည်းပြီး သတင်းစာ တွေက ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ စာအုပ် ရေးသားသူ မောင်ဝင်းဇော်လတ်က ရန်ကုန် မြို့မှာ စာအုပ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ ပါတယ်။

စာရေးသူ မောင်ဝင်းဇော်လတ်ရဲ့ ပြောပြချက် အရ ၈၈ ကို နိုင်ငံရေး အရေ ပုံဖေါ် ပြောတာမျိုး မဟုတ်ဘဲ ၁၉၈၈ ခုနှစ် သြဂုတ်လ ကုန်ပိုင်း ကနေ စက်တင်ဘာ ၁၈ ရက် နေ့ အာဏာ သိမ်းတဲ့ အထိ ရက် ၂ဝ ကျော် အတွင်း သတင်းစာနဲ့ စာစောင် တွေရဲ့ ကြိုးပမ်း ချက်တွေကို အဓိက စုစည်း တင်ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းစာတွေ အပြင် ၈၈ မှာ အရေးပါတဲ့ အချက်တွေ လည်း သူ့စာအုပ်မှာ ထည့်သွင်း ဖေါ်ပြ ထားတယ်လို့ စာရေးသူ မောင်ဝင်းဇော်လတ်က ပြောပြပါတယ်။

အဲဒီ အချိန်တုန်းက ရန်ကုန်နဲ့ မန္တလေးမှာ သတင်းစာနဲ့ စာစောင်တွေ ၁ဝဝ လောက် ထွက်ပေါ်ခဲ့ ပါတယ်။

သတင်းစာတွေက ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ စာအုပ်ဟာ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ သတင်းမှန် တွေကို သိရှိ စေမှာ ဖြစ်တယ်လို့ ပဲ့တင်သံ ဂျာနယ် အယ်ဒီတာချုပ် ဦးမျိုးမြင့်ငြိမ်းက သုံးသပ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ