ABSDF ကျောင်းသား ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ရောက်

Image caption ABSDF ကိုယ်စားလှယ် အဖွဲ့ဟာ တာချီလိတ် ဘက်ကနေ ရန်ကုန်ကို သွားရောက်တာ ဖြစ်ပါတယ်

အဖွဲ့ဝင် ၂၄ ဦး ပါတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ် ဦး ABSDF ကိုယ်စားလှယ် အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေနွေး ဖို့ အတွက် ရန်ကုန် လေဆိပ်ကို သြဂုတ်လ ၄ ရက်နေ့မှာ ဆိုက်ရောက်လာ ပါတယ်။

ဩဂုတ်လ ၅ရက် နေ့မှာ ရန်ကုန်မြို့ သံလွင် လမ်းမှာရှိ တဲ့ မြန်မာ ငြိမ်းချမ်းရေး ဗဟို ဌာနမှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ABSDF တို့ တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ဘားအံမှာ ပြုလုပ်ဖို့ စီစဉ် ထားတာ ဖြစ်ပေမယ့် ကရင်ပြည်နယ်မှာ ရေကြီး နေတာကြောင့် ရန်ကုန်မှာ ပြောင်းပြီး ဆွေးနွေးဖို့ ဖြစ်လာရ တာပါ။

ABSDF နဲ႔ အစိုးရ အကြား အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်မယ်လို့ ခန့်မှန်း နေကြ ပါတယ်။

အရင် နှစ်ပေါင်း ၂၅ နှစ် လောက်က အစိုးရကို မယုံကြည် ခဲ့တဲ့ သူတွေ၊ တော်လှန်ရေး လုပ်ခဲ့တဲ့ သူတွေဟာ အခု အချိန်မှာ တိုင်းပြည် တည်ဆောက် ရေးကို ဦးတည် လာတာလို့ ဆိုနိုင် သလို မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု ပြောင်းလဲ လာတာလို့ လည်း ပြောရမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာ ကျင်းပဖို့ ရှိတဲ့ ရှစ်လေးလုံး ငွေရတု အခမ်း အနား ကို ABSDF အဖွဲ့ ဝင်တွေဟာ လည်း တက်ရောက်ဖို့ ရှိတယ်လို့ သတင်း တွေ ရရှိပါတယ်။ လူ ဘောင်သစ်က လူတွေ၊ ကျောင်းသား ဟောင်းတွေလည်း သူတို့ အဖွဲ့ကို လာ ကြိုကြ တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ