မြန်မာ့ကျောက်မျက် အမေရိကန် ဆက်ပိတ်ဆို့

jade
Image caption တိုင်းရင်းသား နယ်မြေ တွေက ထုတ်ယူတဲ့ ကျောက်စိမ်း

အမေရိကန် က မြန်မာ ပြည်ထွက် ကျောက်စိမ်း နဲ့ ပတ္တမြားကို ဆက်ပြီး ကန့်သတ် ပိတ်ဆို့ဖို့ ပြင်နေ ပါတယ်။

မြန်မာ စစ်တပ်က ကျောက်ကုန်ကူး ရာမှာ အဓိက ပါဝင် ပတ်သက်နေပြီး ဒီကျောက်တွေကို ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား နယ်မြေ တွေက ထုတ်ယူ တာ မို့လို့ ဆက်ပိတ်ဆို့မှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၇ ရက်က သက်တမ်း ကုန်ဆုံးခဲ့တဲ့ ပိတ်ဆို့မှု ကို နောက်တပတ်မှာ ဆက်ပြီး သက်တမ်း တိုးမယ်လို့ ယူဆရကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေလ ကလည်း အမေရိကန် က မြန်မာ နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို သက်တမ်း တနှစ် ထပ်တိုး ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ