၈၈ လူထု အုံကြွမှုမှာ သေဆုံးသူ စာရင်း ဘယ်လို ပြုစုနိုင်မလဲ

8888 Silver Anniversary
Image caption ပြည်တွင်း ပြည်ပက ၈၈ မျိုးဆက်တွေ နဲ့ အဖွဲ့ အစည်းတွေ ငွေရတုပွဲ တက်ရောက်

လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ခဲ့တဲ့ လူထု အုံကြွမှုမှာ လူမသိ သူမသိ အသက် ပေးဆပ် ခဲ့ကြရသူတွေ ရဲ့ စာရင်းကို ပြုစု မယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက သြဂုတ်လ ၆ ရက် ညီလာခံ ပထမ နေ့က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

အဲဒီလို စာရင်း ပြုစုရာမှာ သူတို့ချည်းပဲ လုပ်ဆောင်လို့ မရနိုင်တဲ့ အတွက် အဲဒီ ကာလက ကျဆုံး ခဲ့ကြရတဲ့ ရဲဘော် တွေရဲ့ စာရင်း ပြုစုရာမှာ ဝိုင်းဝန်း ကူညီကြဖို့ ညီလာခံ တက်ရောက်သူ တွေကို ပန်ကြား ခဲ့တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက ကိုဂျင်မီက ပြော ပါတယ်။

တရုတ် နိုင်ငံလို အာဏာရှင် စနစ် နဲ့ အုပ်ချုပ် နေတဲ့ နိုင်ငံမှာတောင် တီယင်နန်မင် ရင်ပြင် အရေး အခင်းမှာ သေဆုံးခဲ့ကြသူ စာရင်း ပြုစုဖို့ လိုတယ်လို့ ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန် ကိုယ်တိုင် တောင်းဆိုခဲ့ တဲ့ အတွက် မြန်မာ နိုင်ငံက ဒီမိုကရေစီ အရေးတော်ပုံမှာ အသက် ပေးဆပ်ခဲ့ရသူ စာရင်းကိုလည်း ပြုစုဖို့ အလွန် အရေးကြီးတယ်လို့ ကိုဂျင်မီက ပြော ပါတယ်။

အခု ညီလာခံမှာ ဆက်လက် ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ရယူပြီးတဲ့ နောက်မှာလည်း ရှေ့ဆက် လုပ်စရာ တွေကို ဆက်လက် ဆွေးနွေး လုပ်ဆောင် သွားမယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကျင့်သုံးဖို့ လိုအပ် သလို အမှန်တရားကို ဖော်ထုတ် ဖို့လည်း လိုတယ်လို့ ကိုဂျင်မီက ပြောပါတယ်။

ဒါကြောင့် အမှန်တရားကို ဖော်ထုတ်တဲ့ ကိစ္စမှာ အစိုရ ကတောင် အကူအညီ ပေးရမှာ ဖြစ်လို့ အစိုးရ ဘက်က ဟန့်တား ပိတ်ပင်မယ် မထင် ကြောင်းလည်း သူက ဆိုပါတယ်။

သူတို့ အနေနဲ့ လွတ်လွတ် လပ်လပ် စာရင်းပြုစုမှာ ဖြစ်ကြောင်းနဲ့ အချက် အလက်တွေ ရှာဖွေ စုဆောင်းရာမှာ အခက် အခဲတွေ ရှိလာတဲ့ အခါ သက်ဆိုင်ရာ တာဝန်ခံတွေ ကိုယ်တိုင် ပါဝင်ဆောင် ရွက်ပေးဖို့ အသိပေး သွားမယ်လို့ ပြောပါတယ်။

စုဆောင်း ပြုစု ပြီးတဲ့ စာရင်းကို ထုတ်ပြန် ပေးသွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ