၈၈ ငွေရတု အထိမ်းအမှတ် ပြည်ပ မှာ ကျင်းပ

_bbc_88_304x171
Image caption ၈၈ ငွေရတု ပိုစတာ

၈၈ ငွေရတု အထိမ်းအမှတ် အခန်းအနား ကို ပြည်ပ နိုင်ငံ တွေမှာ ကျင်းပ ကြတဲ့ အနက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မှာတော့ ၊ South Bank တက္ကသိုလ်မှာ ကျင်းပ ပါတယ်။

ဒီအခန်းအနား ကို NLD နာယက ဦးဝင်းတင် နဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့က ဗွီဒီယို နဲ့ အမှာစကား ပေးပို့ရာမှာ အဓိက အနေနဲ့ ရှစ်လေးလုံး စိတ်ဓါတ် နဲ့ ၂ဝဝ၈ ခု အခြေခံ ဥပဒေ ပြင်ဆင်မှ သာ တိုင်းရင်းသား ပြည်သူ လိုလားတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရမယ့် အကြောင်း အသီးသီး ပြော ပါ တယ်။

မလေးရှားနိုင်ငံ မှာလည်း တိုင်းရင်းသားတွေ နဲ့ ဒီမိုကရေစီ အင်အားစု၊ ပရဟိတ အဖွဲ့တွေနဲ့ ၈၈ ကို ဖြတ်သန်း လာသူတွေ စုဝေး ကျင်းပပါတယ်။ တောင်ကိုးရီးယား ဆိုလ်းမြို့တော် မှာတော့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ နဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ အကြောင်း သိရပါတယ်။ လက်ရှိ အုပ်ချုပ်ပုံ စနစ် ဟာ ယုံကြည်စရာ မကောင်းသေး လို့ ဆန္ဒပြတဲ့ အကြောင်း လည်း ရှင်းပြပါတယ်။ ထိုင်းနိုင်ငံ၊ နယူးဇီးလန် နဲ့ အမေရိကန် ရှိ ပြည်နယ် တချို့မှာလည်း ၈၈ ငွေရတု အထိမ်းအမှတ် အခန်းအနား ကို ကျင်းပ ကြပါတယ်။