ပင်လုံလို ညီလာခံကျင်းပဖို့ မကဒတ တောင်းဆို

ABSDF
Image caption ရန်ကုန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ထွန်းဖို့ ပင်လုံကဲ့သို့ ညီလာခံကို လွှတ်တော် ပြင်ပကနေ လုပ်ဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က တောင်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က ရန်ကုန်မြို့ ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲအစည်း ရုံးခန်းမှာ လုပ်တဲ့ သတင်းစာရှင်း လင်း ပွဲမှာ ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေက ပြောတာ ဖြစ်ပါတယ်။

သြဂုတ် လ ၁၀ ရက် နေ့က ရန်ကုန်မြို့ မှာ ကျောင်းသားတပ်မတော် နဲ့ အစိုး ရတို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ လုပ်တာလည်း ဖြစ်ပါတယ်။

အစိုး ရနဲ ABSDF ဟာ အချက်ပေါင်း ၁၃ ချက် သဘောတူခဲ့ပြီး ဒီထဲ မှာ တစ် နိုင်ငံ လုံးအပစ်အခပ်ရပ်စဲရေးကို နှစ်ဘက် ကြိုးပမ်းဖို့၊ နိုင်ငံ အဆင့် ငြိမ်းချမ်း ရေး ဆိုင်ရာစောင့် ကြည်တဲ့ အဖွဲ့ ဖွဲ့ဖို့ အစိုးရနဲ့ သဘောတူ ခဲ့ တယ် လို့ ABSDF ဒုတိယ ဥက္ကဌ ရဲဘော် မျိုးဝင်း က ပြောပါတယ်။

နိုဝင်ဘာလမှာလည်း အစိုးရ နဲ့ ဆွေးနွေး ပွဲ တွေ ဆက်လုပ် ဖို့ သဘောတူထားပါတယ်။