တရားဥပဒေစိုးမိုးရေး ကော်မတီ အစီရင်ခံစာ

farmland_304x171
Image caption လယ်ပိုင်ရှင် စိုက်ပျိုးခွင့် နဲ့ ပိုင်ဆိုင်ခွင့်

၂ဝ၁၂ ခုနှစ် သြဂုတ်လ ၇ ရက် နေ့ က ဖွဲ့စည်း ခဲ့ တဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ကို ဒေါ်အောင်ဆန်း စုကြည် က ဥက္ကဋ္ဌ တာဝန် ယူပြီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ပါဝင်တဲ့ ကော်မတီ ဟာ ပြီးခဲ့တဲ့ ရက် က တနှစ်ပြည့်ပြီ ဖြစ်တဲ့အတွက် နှစ်ပတ်လည် အစီရင်ခံစာ ကို သြဂုတ်လ ၁၂ ရက် က လွှတ်တော်မှာ တင်သွင်း လိုက် ပါပြီ။

အဆိုပါ အစီရင်ခံစာ ထဲမှာ ဥပမာ အနေနဲ့ ဥပဒေ ရဲ့ အားနည်းချက်ကြောင့် ပြည်သူတွေ နစ်နာမှု ရှိတဲ့ အထဲမှာ လယ်ယာမြေ တွေ ဥပဒေမဲ့ အသိမ်းခံ ရတဲ့ အပြင် လယ်ပိုင်ရှင် ဟာ ကျူးကျော်မှု နဲ့ ပြန်ပြီး တရားစွဲ ခံရပုံ တွေ ရှိလို့ တရားစီရင်ရေး အပိုင်း အနေနဲ့ တာဝန် ရှိတာကို တင် ပြထားတဲ့ အကြောင်း၊ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒီကိစ္စ ကို လွှတ်တော် ဥက္ကဋ္ဌ က ကိုယ်စားလှယ်တွေ ကို ဆွေးနွေးဖို့ ဖိတ်ခေါ် ထားတဲ့ အကြောင်း၊ ဒါပေမဲ့ အစိုးရ ဌာန ဆိုင်ရာ က ဘယ်လို ဆောင်ရွက်ပေး မယ် ဆိုတာ ကို တော့ ကြိုတင် ခန့်မှန်း လို့ မရ ပုံ ကို ဦးဝင်းမြင့် က ပြောပါတယ်။

လယ်မြေ ကိစ္စ လွှတ်တော် က ဆုံးဖြတ် ပေးတာ တွေ ရှိပေမယ့် လယ်ပိုင်ရှင် လယ်သမားတွေ လယ်မြေ ပြန်မရတဲ့ အမှုတွေ ရှိဆဲ ဖြစ်ကြောင်း၊ တရားရေး ဝန်ထမ်းတွေ အဂတိ လိုက်စားမှု နဲ့ ပတ်သက်ရင် လူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုပုံ လည်း ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ခြုံငုံ သုံးသပ်ရရင် တရားဥပဒေ စိုးမိုးရေး အပိုင်းမှာ အသင့်အတင့် တိုးတက် လာတာ တွေ့ရပေမယ့် ပ ပျောက် ကင်းစင် တဲ့ အဆင့် မရောက်သေး ကြောင်း၊ လက်ရဲ ဇက်ရဲ လုပ်တဲ့ အပိုင်းတော့ လျော့သွားပုံ ကို ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ