စာရေးဆရာ မင်းလူ ကွယ်လွန်

_bbc_minlu
Image caption စာရေးဆရာ မင်းလူ

စာရေးဆရာ မင်းလူ ခေါ် ဦးဉာဏ်ပေါ် အသက် ၅၉ နှစ် ဟာ ကင်ဆာရောဂါ နဲ့ သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီ ခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။

နာမည်ကျော် စာရေးဆရာကြီး၊ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု နဲ့ ဆရာမကြီး ဒေါ်ခင်ညို တို့ရဲ့ သား ၄ ဦး အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ၁၉၅၄ ခု မေလ ၁၈ ရက်နေ့မှာ ရန်ကုန် မှာ ဖွားမြင်ခဲ့တာပါ။ စိန်ပေါကျောင်း၊ သင်္ကန်းကျွန်း အထက ၁ တို့မှာ ပညာဆည်းပူးခဲ့ ပြီး ၁၉၇၇ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် က ဒဿနိက ဗေဒ ဘာသာရပ် နဲ့ ဝိဇ္ဇာ ဘွဲ့ ရခဲ့တါပါ။

တက္ကသိုလ် နံရံကပ် စာစောင်တွေ နဲ့ နှစ်ပတ်လည် မဂ္ဂဇင်း တွေ မှာ ကလောင်သွေးခဲ့တဲ့ ဆရာမင်းလူ ဟာ လုံးချင်း၀တ္တု စာအုပ်ပေါင်း ၅၁ အုပ်၊ ဗီဒီယို နဲ့ ရုပ်ရှင်ဇာတ်ညွှန်း တွေ လည်းရေးသားခဲ့ပါတယ်။

အနုပညာ မျိုးရိုး လို့ ဆိုနိုင်တဲ့ အထဲမှာ ဖခင်၊ ရော အကိုတွေ ကပါ ရုပ်ရှင်၊ ဂီတ နဲ စာပေ နယ်ထဲ မှာ ထင်ရှား ကျော်ကြားသလို၊ ဆရာမင်းလူ ကိုယ်တိုင်လည်း ၁၉၈၉ ခုနှစ် က ဘာတွေ ဖြစ်ကုန် ကြပြီလည်း ဆိုတဲ့ ခေတ် စနစ် ကို ရောင်ပြန် ဟပ်စေခဲ့တဲ့ ကဗျာရှည် ကြီး နဲ့ ၁၉၈၈ နောက်ပိုင်း အခြေအနေ တွေ ရေးသား ခဲ့လို့ ထောင်ဒဏ် ကျခံ ခဲ့ရပါတယ်။

လူငယ် စာရေးဆရာ ပိုင်းကလည်း ဆရာမင်းလူ ကို ဆုံးရှုံးရတဲ့ အတွက် အဘိဓာန်ကြီး၊ စွယ်စုံကျမ်း ဆုံးရှုံးရသလို ခံစားရကြောင်း၊ ရသ စာပေ ထွန်းကားရေး အတွက်လည်း ဆရာမင်းလူ က အားပေးကူညီတတ်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ကွယ်လွန်ချိန် မှာ ဇနီး ဒေါ်စန်းစန်းအောင်၊ သမီး သူမ နဲ့ စာရေးဆရာမ ယုယ တို့ ကျန်ရစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ