တောင်ကုတ် သတ်ဖြတ်မှု ၆ ယောက် ရုံးတင်

rakhine
Image caption ရခိုင် ဆူပူမှုတွင်း တပ်က ဝင်ထိန်းရတဲ့ထိ ဆိုးရွား

ရခိုင်ပြည်နယ် တောင်ကုတ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၃ ရက်နေ့က မွတ်ဆလင် ၁ဝ ဦးကို သတ်ဖြတ်မှုနဲ့ သံသယဖြစ်သူ ၆ ဦးကို သံတွဲ ခရိုင် တရားရုံးမှာ အင်္ဂါနေ့က စတင် စစ်ဆေးခဲ့ပါတယ်။

တရားခံ အဖြစ် စွပ်စွဲခံ ထားရသူ ၆ ဦးကတော့ ထွန်းမင်း (ခေါ်) သားကြီး၊ သိန်းရွှေမောင်၊ လင်းမောင် (ခေါ်) ထွန်းနိုင်၊ ဝင်းနိုင် (ခေါ်) မောင်ပု၊ စိုးသန်းကျော်၊ မင်းသိုက်ထွန်း (ခေါ်) ပေါက်ခြေ (ခေါ်) ကိုညီ တို့ ဖြစ်တယ်လို့ အမည် မဖော်လိုတဲ့ သံတွဲခရိုင် ရဲအရာရှိ တဦးက ပြောပါတယ်။

သူတို့ကို လူသတ်မှု ပုဒ်မ ၃၀၂ (၃၄) အရ တရားစွဲဆိုထား ကြောင်းနဲ့ ရုံးချိန်းကို အခုလ ၂၆ ရက်နေ့ကို ချိန်းဆို ထားတဲ့ အကြောင်း သိရပါတယ်။

အဲဒီ လူသတ်မှုမှာ ပါဝင်သူအဖြစ် နောက်ထပ် သံသယရှိသူ အာဠာဝက (ခေါ်) အေးငြိမ်း ဆိုသူကိုလည်း ရဲက ထပ်မံ ဖမ်းဆီး ထားပါတယ်။

သူဟာ တောင်ကုတ် လူသတ်မှုဖြစ်ပြီး နောက်နေ့မှာပဲ နာမည်တုနဲ့ စစ်ထဲ ဝင်သွားပါတယ်။ သူ့ကို မန္တလေးမြို့မှာ ဖမ်းဆီး ရမိထားပြီ သံတွဲ ခရိုင် တရားရုံးမှာပဲ ရုံးတင်မယ်လို့ သံတွဲ ရဲအရာရှိက ပြောပါတယ်။

ဒါကြောင့် တောင်ကုတ် လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထားတဲ့ သံသယရှိသူ ၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

တောင်ကုတ် လူသတ်မှုဟာ လူစုလူဝေးနဲ့ သတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြောင့် နေပြည်တော် ရဲတပ်ဖွဲ့ စီအိုင်ဒီက စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင် နေကြောင်း သိရပါတယ်။

တောင်ကုတ်မြို့မှာ မွတ်ဆလင်မ် တွေကို သတ်မှုနဲ့ တရားခံလို့ သံသယရှိသူ တွေကို အရင်လက တောင်ကုတ်မြို့ ကနေ ဖမ်းဆီးပြီး သံတွဲ ထောင်မှာ ချုပ်နှံထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ