အားကစားစိတ်ဓာတ်နဲ့ စည်းကမ်း

Image caption ဒီနှစ်အကုန် အရှေ့တောင် အာရှ အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်

မြန်မာ နေရှင်နယ် လိဂ် နောက်ဆုံးပွဲစဉ်အတွင်း နှစ်ဘက် အားကစား သမား အချင်းချင်း ရန်ဖြစ်ရာက ပရိသတ်ပါ ထိန်းမနိုင် ဖြစ်ရတဲ့ အတွက် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းမှာ ပျက်စီး ဆုံးရှုံး မှုတွေ ဖြစ်ခဲ့ရ ပါတယ်။

အခုနှစ် အကုန်မှာ မြန်မာနိုင်ငံက အရှေ့တောင် အာရှ အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီတော့ အားကစား သမားတွေရော အားပေးသူ မြန်မာတွေပါ အားကစား စိတ်ဓာတ်နဲ့ စည်းကမ်း လိုက်နာမှု ပိုင်းမှာ ဘယ်လောက် အဆင်သင့် ရှိပြီ လို့ သောတရှင်တွေ ယူဆပါသလဲ။

လာမယ့် စနေနေ့ ၂၄ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် မှာ ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဒီအစီ အစဉ်နဲ့ ပတ်သက်လို့ တခုခု ပြောလိုရင် ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ် ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်း အရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြ ပါတယ်။