ဆန်စျေးတက်လို့ အရန်ဆန် ရောင်းပေးမယ်

rice
Image caption ဆန်ဈေးကြီးလာလို့ အရန်ဆန်တွေ ရောင်းပေးမယ်

ဆန်ဈေးတွေ တက်လာ နေတဲ့ အတွက် အရန် ဆန် ဝယ် ယူရေး ကော် မတီ ကဈေးကွတ် မှာ လို သလောက် ကို ထုတ် ရောင်း မှာ ပါ လို့ ဒီနေ့ ပြော ကြား လိုက် ပါတယ်။

ပြီး တော့ ရန်ကုန် က လက် လီ ဆိုင်တွေ ဆန်ဝယ် ပြီး ပြန်ရောင်း ဖို့ အခက် ခဲ ရှိရင် ကော် မတီ ကို တိုက် ရိုက် ဆက်သွယ် ပြီး မှာ ယူနိုင်တယ် လို့ ဘီဘီ စီ ကိုပြောကြား လိုက်ပါ တယ်။

ဆန်ဈေးတွေ ပုံမှန် ထက် ၂၀ ရာခိုင် နှုန်း လောက် တက် နေတဲ့ မြန်မာနိုင်ငံ မှာ အာဆီယံက သတ်မှတ်ထား တဲ့ အရန်ဆန် ပမာဏာ ထက် ပို ပြီး တန်တစ် သိန်း ထိ အလုံ အလောက် ရှိ နေ တယ် လို့ အရန် ဆန်ကော် မတီ က ပြော ပါတယ်။

ဒီ လိုရှိ နေ တဲ့ အတွက် လက် ရှိ ဆန်ဈေး တက်တာ ဟာ စိုးရိမ်စရာ မလိုကြောင်း နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာ ရီ တိုင်း အ ထိ သွား နေတဲ့ အဓိကကျ တဲ့ ရန်ကုန် ဈေးကွက် ထဲ ကို ဘယ် လို ဖြန့် ဖို့ ရှိတယ် ဆိုတာ နဲ့ ပက် သတ် လို့ အရန် ဆန်ကော် မတီ ဝင် လည်း ဖြစ် မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် က အထွေထွေ အတွင်း ရေး မှူး ဖြစ် တဲ့ ဦး ရဲ မင်းအောင်က ရန်ကုန်ကို တရက်ကို ဆန်အိတ်ရေ ၄ သောင်း ဝင်ရင် ထုတ်ရောင်း စရာ မလိုတဲ့ အကြောင်း၊ လျော့ပြီး ဝင်ရင်လည်း အဲဒီ အရေအတွက် အတိုင်း ထုတ်ရောင်း ပေးနိုင်ကြောင်း ပြောပါတယ်။

တစ် ရက် ကိုပျမ်းမျှ ဆန်အိတ် ၅ သောင်း လောက် ဝင်နေတဲ့ ရန်ကုန် ဈေးကွက် ကိုအခု ရက် ပိုင်းဆန်အဝင် နည်း နေတာ တွေ ရှိနေပေ မဲ့ ဒီ လိုဖြစ် တာဟာ ကုန်သည်တွေ အပြောအရ ဆိုရင် ဧရာဝတီ တိုင်းဘက် မှာ ဧည့်မထ စပါး ကိုလက် ရှိဈေးထက် တက် မလား ဆိုပြီး မှန်း ပြီး မရောင်း ဘဲ ထားကြလို့ ဖြစ် တယ် လို့ သိ ရပါတယ်။

ဒါပေမဲ့ ကောက် သစ် မထွက်မီ ရာ သီ မှာ စောင့်ကြည်ရမဲ့ အခြေအနေ နှစ် ခု ကို ဦး ရဲ မင်းအောင်က စက်တင်ဘာနဲ့ အောက်တိုဘာ လတွေမှာ ရာသီဥတု ပြုပြင် ပြောင်းလဲမှု တွေက ဘယ်လို ဖြစ်လာ ဦးမလဲ၊ ဒီအချိန်မှာ တောင်သူတွေ မြေဩဇာ ထည့်နိုင်ဖို့ လက်ထဲ ငွေရှိရဲ့လား ဝယ်ဖို့ ရော တတ်နိုင်ကြသလား ဆိုတာကလည်း အထွက်နှုန်းကို သက်ရောက်မှု ရှိတဲ့အကြောင်း ပြောပါတယ်။

ပုံမှန်အနေအထား နဲ့ကြည့်ရင်တော့ ဆန်ဈေးက သိသိသာသာ ကျသွားမယ်လို့ မမျှော်လင့် နိုင်ပေမယ့် တည်ငြိမ်ပြီး ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးမျိုး ဖြစ်သွားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အရန် ဆန်တွေ ကို ရန်ကုန် က ဝါး တန်း ကုန် စည်ဒိုင် နဲ့ ဘုရင့် နောင် ကုန်စည်ဒိုင် တို့ မှာ ဖြန့် ဖြစ် ပြီး တော့ ဒီလိုရောင်းချ မှုကို ကုန်သည်တွေ ကစိတ်ပူစရာ မလို ကြောင်း နဲ့ဈေးကျ ရင် ကော် မတီ ကပြန် ဝယ် ဖို့ရှိတယ် လို့လဲ ပြောသွား ပါတယ် ။

စီးပွား ရေး ပညာ ရှင် တွေ က မြန်မာနိုင်ငံ က လူတွေ အဓိကစား သုံးတဲ့ ဆန်ဟာ နိုင်ငံ ရေးအရ အရေး ပါ ပြီး အဓိက ကျ တဲ့သီး နှံ ဖြစ် ပြီး တော့ ဈေး တက်တာကို သေချာကိုင် တွယ် ဖို့ လိုတယ် လို့ပြော ပါတယ် ။

ဆန် ဈေးအတက် အကျ ဆိုတာ ဟာ ဆန် အဓိကစား သုံးတဲ့ မြန်မာပြည် နိုင်ငံ အခြေခံ လူ တန်းစား တွေ စားဝတ်နေရေး ကိုရိုက်ခတ် နိုင်တဲ့ ကိစ္စ ဖြစ် လို့ အရန်ဆန်ရောင်း တဲ့ အစီ အစဉ်ဟာ မှန်မှန် ကန်ကန် စနစ် တကျ ရှိဖို့ လိုအပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ