ထန်းကုန်း အရေး ကိုင်တွယ်မှု အားနည်းခဲ့

kantbalu_riots
Image caption ထန်းကုန်းပဋိပက္ခဖြေရှင်းမှုမှာ အားနည်းမှုတွေ ရှိခဲ့

ထန်းကုန်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ လုံခြုံရေး ပိုင်းနဲ့ စီမံခန့်ခွဲမှု ပိုင်းတွေမှာ အားနည်းမှုတွေ ရှိနေတယ်လို့ အဲဒီ ဒေသရဲ့ လွှတ်တော် ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ပဋိပက္ခ စခဲ့ချိန် ကစပြီး မီးတွေ စတင် ရှို့ကြတဲ့ အချိန်အထိ ကြားထဲမှာ အချိန် အများကြီးရခဲ့ ရက်နဲ့ ဒီလို ဖြစ်ခဲ့ရတာဟာ အုပ်ချုပ်ရေးပိုင်း အားနည်းလို့ ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန် ထိန်းသိမ်း နိုင်ခဲ့ရင် ရနိုင်ကြောင်း ပြောပါတယ်။ အဘက်ဘက်က အားနည်း မှုတွေ ရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

လက်တွေ့မှာ လူအုပ်ကို ထိန်းသိမ်း နိုင်ဖို့ မလွယ်မှန်း သိတဲ့ အကြောင်း၊ အဲဒါကြောင့်လည်း ကြိုတင် ကာကွယ်မှုတွေ လုပ်ထား သင့်ကြောင်း နဲ့ ရဲတင် မကဘဲ စစ်တပ် ကပါ ပါဝင်ပတ်သက် ဖို့ လိုအပ်တဲ့ အကြောင်း ပြောပါတယ်။ ဆက်လက်ပြီး ရဲတပ်ဖွဲ့ ဘက်မှာလည်း ပွင့်လင်း မြင်သာမှုတွေ အားနည်း နေသေးကြောင်း ဆိုပါတယ်။

လွှတ်တော် အမတ် အနေနဲ့ သူကိုယ်တိုင် ထန်းကုန်းမှာ ညှို နှိုင်းမှု တွေလုပ်ခဲ့ပြီး ဖြစ်ကာ ဘုန်းတော်ကြီး ကျောင်းတွေကိုလည်း သွားရောက်ပြီး နောင်ကို ဒီလို အဖြစ်မျိုးတွေနဲ့ မကြုံအောင် အဖွဲ့အစည်း တရပ် လုပ်ကိုင်ပေးဖို့ ပြောမယ်လို့ ဆိုပါတယ်။ ကြိုတင် ကာကွယ်ဖို့ သတင်းအချက် အလက်တွေကို အမြန်ဆုံး ရောက်အောင် ပေးပို့ နိုင်ဖို့ ကိုလည်း မျှော်မှန်း ထားတယ်လို့ ပြောပါတယ်။

ဒီလို ပြဿနာ မျိုးတွေ ထပ်မဖြစ်အောင် အောက်ခြေမှာပဲ လုပ်နိုင်အောင်၊ ရဲနဲ့ စစ်တပ်တို့ကို အင်အားအပြည့်အဝနဲ့ လုပ်ပိုင်ခွင့်တွေ ပေးရမှာ ဖြစ်ကြောင်း၊ အချိန်မီ တားဆီးနိုင်အောင် ကားနဲ့ ဆက်သွယ်ရေး တွေကို စီစဉ် ပေး ထားရမယ့် အပြင် ရဲနဲ့ ဒေသခံ တွေအကြား ယုံကြည် ရင်းနှီးမှု တွေလည်း ရှိဖို့ လိုတဲ့ အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ