ဆန္ဒပြခွင့် ဥပဒေကို ဆန္ဒပြကြ

protest
Image caption ခွင့်ပြုချက်မရဘဲ လုပ်တဲ့ ဆန္ဒပြပွဲတချို့ကို ဖမ်းဆီးတရားစွဲမှုတွေ ရှိ

မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ အတိုင်း သက် ဆိုင်ရာ အာဏာပိုင်တွေဟာ မလိုက်နာဘဲ လိုသလို အရေးယူနေတယ်ဆိုပြီး အင်္ဂါနေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဥပဒေကို ဖျက်သိမ်းပေးပါဆိုပြီး မြေနီကုန်းကနေ မြို့ တော်ခန်းမအထိ လူ ၅၀ လောက် ချီတက် တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတစ်ဦးကတော့ သူဟာ ဥပဒေနဲ့အညီ တစ်ဦးတည်း ၂ ကြိမ် ဆန္ဒဖော်ထုတ်ရာမှာ ၂ ကြိမ်စလုံး အဖမ်းခံရတယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဥပဒေကို လေးစားလိုက်နာမှု မရှိဘူးလို့ သူက စွပ်စွဲပါတယ်။

ဆန္ဒပြတဲ့ လမ်းတလျောက်မှာ ရဲတပ်ဖွဲ့က ခွင့်ပြုချက် ပါသလား၊ မပါရင် ဖမ်းရလိမ့်မယ်လို့ သတိပေးတာတွေလည်း ရှိပါတယ်။

ညနေခင်းမှာတော့ ဆန္ဒပြသူတွေထဲက ကိုစည်သူကို ကျောက်တံတားမြို့နယ် ရဲစခန်း က စစ်ဆေးဖို့ အတွက် ဆိုပြီး ခေါ်ယူသွားခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ ဥပဒေ ပုဒ်မ ၁၈ မဖျက် မချင်း ဆက်ပြီးတော့ လမ်းပေါ်ထွက် တောင်းဆို သွားမယ်လို့ ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ