အာဆီယံမှာ ဗီဇာမလိုဘဲ ခရီးသွားနိုင်တော့မယ်

asean
Image caption အာဆီယံသားတွေ ဗီဇာမလိုဘဲ ဝင်ထွက် နိုင်တော့မယ်

မြန်မာ နိုင်ငံသားတွေ အာဆီယံ နိုင်ငံတွေကို ဗီဇာ မလိုဘဲ သွားနိုင်အောင် တခါ အာဆီယံ နိုင်ငံတွေက နိုင်ငံသားတွေလည်း ဗီဇာမလိုဘဲ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်အောင် စတင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

ဘယ်တော့လောက်မှာ အကောင်အထည် ဖော်နိုင်ကြမလဲ ဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာဌာနရဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်လင်းကို ဆက်သွယ် မေးကြည့်တော့ ၂၀၁၄ မှာ မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဌ တာဝန် ယူတဲ့ အခါ အာဆီယံ နိုင်ငံသားတွေ မြန်မာ နိုင်ငံကို လွယ်လွယ်ကူကူ ဝင်ထွက်နိုင်ကြဖို့နဲ့ မြန်မာနိုင်ငံသားတွေလည်း အာဆီယံနိုင်ငံတွေကို လွယ်ကူစွာ သွားလာနိုင်စေဖို့ အတွက်ကို ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောပါတယ်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဗီဇာကင်းလွတ်ခွင့် အတွက်ကို အာဆီယံအတွင်းက နိုင်ငံတွေအကြား နှစ်နိုင်ငံ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်နေတာဖြစ်ပြီး လောလောဆယ်မှာ မြန်မာနဲ့ လော နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားပြီလို့ ဆိုပါတယ်။

၂၀၁၅ မှာ အာဆီယံ အသိုက်အဝန်း ကြီးပေါ်ပေါက်လာမှာ ဖြစ်သလို အာဆီယံ စီးပွားရေး အသိုက်အဝန်း ဆိုတာလည်း ရှိမှာဖြစ်ကာ ဈေးကွက်ကြီးတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး အာဆီယံ အတွင်းက လုပ်ငန်းရှင်တွေ အနေနဲ့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လွယ်လွယ်ကူကူ သွားလာဖို့ လိုအပ်ပြီး ပြည်တွင်းက ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပြည်တွင်းထုတ်ကုန်တွေ တင်ပို့ ရောင်းချ တာတွေကို ပိုလုပ်လာနိုင်မယ်လို့ ဆိုပါတယ်။

ဒီလို ဗီဇာ မလိုဘဲ ဝင်ထွက် သွားလာ ခွင့်ပြုပေမယ့်လို့ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာတော့ စိစစ်မှုတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ပြောပါတယ်။ တခါ လူကုန်ကူးတာလိုမျိုး ပြဿနာတွေ ပိုပြီး ကြီးထွားမလာစေဖို့ အတွက်ကိုလည်း ကြိုတင် တွက်ချက် ပြင်ဆင်ထားပြီး သက်ဆိုင်ရာ ဌာနတွေက အရေးယူ ဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ