ကန့်သတ် သွင်းကုန်တွေကို စိစစ် အရေးယူ

Alcohol
Image caption စစ်ဆေးတွေ့ရှိရတဲ့ ပစ္စည်းတွေထဲမှာ တင်သွင်းခွင့် ပိတ်ထားတဲ့ အရက်တွေလည်း တွေ့ရ

မြန်မာနိုင်ငံထဲကို အခွန် မဆောင်ဘဲ တရား မဝင် သွင်းလာခဲ့တဲ့ ကုန်သွယ်ရေး ပစ္စည်း တွေကို စီးပွား ကူးသန်းဝန်ကြီးဌာနက စိစစ် အရေးယူမှုတွေ ပြုလုပ်နေပါတယ်။

ဆက်လက်ပြီး အရေးယူမှုတွေလည်း လုပ်ဆောင်သွား မယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ဖော် ပြော ပါတယ်။

စိစစ်မှုတွေကို အဆင့်ဆင့် တိတိကျကျ လုပ်ဆောင်နေတယ် လို့လည်း ဆိုပါတယ်။

နယ်စပ်က သွင်းတဲ့ ကုန်ပစ္စည်းတွေကို စိစစ်ပြီး အမှုပေါင်း ၁၈ဝဝ ကျော်ကို အရေးယူခဲ့ပြီး ဖြစ်ပြီး ရန်ကုန် ဆိပ်ကမ်းတွေမှာ တရားမဝင် ကုန်ပစ္စည်းတွေကို အခုမှ စတင် အရေးယူနေတုန်း ဖြစ်တယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာန၊ ကုန်ပစ္စည်း စိစစ်ရေး ဗဟိုအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောပါတယ်။

နောက်ပိုင်းမှာ ရန်ကုန်မြို့ကို ဝင်တဲ့ ကုန်သွယ်ရေး လမ်းကြောင်း ၄ နေရာနဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအပြင် နိုင်ငံတကာ လေဆိပ်၊ လက်လီ လက်ကား စျေးတွေနဲ့ ပစ္စည်း သိုလှောင်ရာ နေရာတွေအထိ စစ်ဆေး သွားမယ်လို့လည်း ဦးညွန့်အောင်က ပြောပါတယ်။

လတ်လလော သတင်းပေးမှုတွေ ရှိရင်လည်း ချက်ချင်း သွားရောက် စစ်ဆေးမယ်လို့ ဆိုပါတယ်။

စစ်ဆေး တွေ့ရှိရတဲ့ တရားမဝင် ပစ္စည်းတွေက လိုင်စင် မယူဘဲ သွင်းခဲ့တာ၊ တင်သွင်းခွင့်ထက် အရေအတွက် ပိုသွင်းလာတာတွေ အပြင် အရက်၊ ဘီယာနဲ့ ဆေးလိပ်တို့လို လုံးဝ တင်သွင်းခွင့် မပြုတဲ့ ပစ္စည်းတွေကိုလည်း တင်သွင်းလာတာတွေ တွေ့ရတယ်လို့ ဦးညွန့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ ကုန်သွယ်ရေးမှာ ရေကြောင်းလမ်းက ကုန်သွယ်မှုက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ