ကလေးတွေ အရေး အိုင်အယ်အိုနဲ့ အစိုးရ လက်မှတ်ထိုးဖို့ရှိ

Image caption အိုင်အယ်လ်အို ညီလာခံမှာ စကားပြောခဲ့တဲ့ ဒေါ်စု

အိုင်အယ်လ်အိုဟာ မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ပုံစံနဲ့ လုပ်ငန်းခွင်မှာ ရှိနေတဲ့ ကလေးလုပ်သားတွေ ကိစ္စကို အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လုပ်နေပါတယ်။

လာမယ့် အိုင်အယ်အို ညီလာခံမှာ ဒီကိစ္စကို မြန်မာအစိုးရနဲ့ သဘောတူ လက်မှတ်ထိုးဖို့ ရှိပါတယ်။

ဒီတော့ ကလေး အလုပ်သမား ပပျောက်ရေး ဘယ်လို ဆောင်ရွက်ကြမှာလဲ ဆိုတာ အိုင်အယ်အို ဆက်သွယ်ရေးအရာရှိ စတိဗ်မာရှယ်ကို မေးကြည့်တဲ့ အခါ ဒီကိစ္စဟာ ILO တစ်ခုတည်းနဲ ဆိုင်တာတော့ မဟုတ်ပါဘူး အစိုးရနဲလည်း သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သိပ်မကြာ သေးခင် ကဘဲ သမ္မတက ကြေညာချက် တစ်စောင် ထုတ်ထားပြီး ကလေး လုပ်သားအရေးနဲ့ ပက်သတ်တဲ့ ILO ရဲ့ ကွန်ဗန်ရှင်း ၁၈၂ မှာ လက်မှတ် ထိုးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မြန်မာ အစိုးရနဲ့ စကားပြော ကြည့်တဲ့ အခါ ရှင်းရှင်းလင်းလင်း သိမြင်လာတာက နိုင်ငံမှာ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး ကျေးလက် ဒေသဖွံ့ ဖြိုးရေးတွေ အကောင်ထည် ဖော်တဲ့ အခါမှာ ပညာရေးနဲ့ စီးပွါးရေး ကိစ္စတွေ ဖွံ့ ဖြိုးလာဖို့ လိုသလို ကလေးတွေ လုပ်ငန်းခွင်တွေမှာ ဝင်ပြီး လုပ်နေရတာတွေ လျှော့ချ နိုင်ဖို့ ကလည်း ဆက်စပ်နေတယ် ဆိုတာကို အစိုးရက ကောင်းကောင်း သိထားပါတယ်လို့ ဆိုပါတယ်။

အလုပ်လုပ် နေတဲ့ ကလေးတွေ လျှော့ချဖို့ ဆိုတာ ကတော့ ဒီနိုင်ငံမှာ အဆိုးဆုံးပုံစံနဲ့ မြင်တွေ့ နေရတဲ့ လုပ်ငန်းခွင်တွေ ထဲက ကလေးတွေတင် မဟုတ်ပါဘူး တခြား ကိစ္စတွေလည်း ပါပါတယ်လို့ သူက ပြောပါတယ်။

အခုချိန်မှာ ကျွန်တော်တို့ အစိုးရနဲ ILO တို့ အတူတကွ ပူးပေါင်းပြီး စဆွေးနွေး နေသလို ယူနီဆက်ဖ်နဲ့ အခြား အဖွဲစည်းတွေ ကလည်း အတူတကွ ပူးပေါင်းပြီး လုပ်နေကြပါတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဥပဒေ ရေးဆွဲတာတွေ ကလေး လုပ်သား အသက်ရွယ် သတ်မှတ်တာတွေ စတဲ့ ကိစ္စတွေ လုပ်နေပြီးတော့ အခြေနေတွေဟာ တိုးတက်မှု ရှိပါတယ်လို့ မစ္စတာ စတိဗ် မာရှယ်က ဆိုပါတယ်။

ဒါ့အပြင် သူ့အထင် ကလေးတွေ အလုပ်သမားအဖြစ် လုပ်ငန်းခွင် တွေမှာ ဝင်ပြီး လုပ်ကိုင်နေရတာကို ဦးစားပေးပြီး လုပ်ပါလိမ့်မယ်လို့ သူက ပြောပါတယ်။

ဒီ အကျိုးဆက်ဟာ ကလေးတွေကို ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ ဆိုးရွားတဲ့ ထိခိုက်မှုတွေ ရှိလာ နိုင်တယ်ဆိုတာကို အစိုးရက ကောင်းကောင်း နားလည်တဲ့ အတွက် တစ်ဆင့်ပြီး တစ်ဆင့် အစိုးရက လုပ်ရပါလိမ့်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါဆိုရင် ဒီကလေး အလုပ်သမား ကွန်ဗင်းရှင်းကို ဘယ်တော့ လက်မှတ်ထိုးမလဲလို့ ဘီဘီစီက မေးကြည့်တော့ နိုင်ငံတကာ သဘော တူညီချက်ဖြစ်တဲ့ ကလေး အလုပ်သမား ကွန်ဗင်းရှင်း ၁၈၂ သဘော တူညီချက် လက်မှတ်ထိုးဖို့ ပြီးခဲ့တဲ့ မေလက သမ္မတက သဘောတူပြီးသား ဖြစ်တယ်လို့ သူက ပြောပါတယ်။

အလုပ်သမား ဝန်ကြီး ဌာနနဲ့ ILO တို့ ညီလာခံ ကျင်းပချိန်မှာ ထိုးပါလိမ့်မယ် သဘောတူညီချက် လက်မှတ် ထိုးတယ် ဆိုတာက ဒီကိစ္စကို အစိုးရက ဆောင်ရွက်မယ်လို့ ကတိကဝက် ပြုတာလည်း ဖြစ်ပါတယ်လို့ သူက ရှင်းပြပါတယ်။

လက်မှတ်ထိုးပြီး ချက်ခြင်း လက်ငင်း အကောင်ထည် ပေါ်လာမှာ မဟုတ်ပေမဲ့ ကလေး လုပ်သားနဲ့ ဆိုင်တဲ့ ဥပဒေတွေ ထွတ်လာဖို့ လုပ်ရမယ် ၊ အသိပညာပေး လုပ်ငန်းတွေ လုပ်ရမယ် ယေဘုယျအားဖြင့်တော့ သဘောတူတဲ့ အချိန်ကနေ လက်မှတ်ထိုးတဲ့ အချိန်အထိ ၁၂ လ ကြာပါ လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒီတပတ်ထဲမှာ အစိုးရနဲ့ တွေ့ခဲ့ပြီး ကလေး လုပ်သားတွေနဲ့ ပတ်သတ်ပြီး သဘောတူ လက်မှတ်ရေး ထိုးမဲ့ အစီစဉ်ကို စနစ်တကျ လုပ်ငန်း အစီစဉ်တွေ ရေးဆွဲဖို့ လာမဲ့ နိုဝင်ဘာလမှာ အစိုးရနဲ့ထက် တွေ့ဖို့ ရှိကြောင်း အိုင်အယ်လ်အို အရာရှိ စတိဗ် မာရှယ်က ပြောသွားခဲ့ပါတယ်။