ငါးပိရည်ကျို အလုပ်ရုံ ဆွေးနွေး ပွဲ

Image caption ငါးပိရည်ကျို အမြန် ဖြစ်လာစေဖို့ ငါးပိနှပ်ရင် ဓါတ်မြေသြဇာထည့်တယ်လို့ ဆိုနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအများစု အဓိကစားသုံးရာ ငါးပိရည်ကျိုမှာ ယူရီးယား ဓါတ်မြေသြဇာတွေ ပါတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ဒါနဲ့ ပတ်သတ်လို့ ဆွေးနွေး အဖြေ ရှာတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ရန်ကုန်မြို့ မှာ ကျင်းပခဲ့ပါတယ်။

ငါးပိထဲမှာ ဓာဟ်မြေသြဇာ ပါတဲ့ သတင်း ဂယက်ထပြီးတဲ့နောက် မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ငါးပိရည်ကျို ရောင်းဝယ်မှုဟာ ကျဆင်း နေခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲဟာ ဒီကိစ္စကို ဖြေရှင်းတဲ့ အနေနဲ့ ပြုလုပ်တာဖြစ်ပြီး ရေကျို ငါးပိ လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ ၊ ကုန်သည်တွေအပြင် ဒီသတင်းကို လူသိရှင်ကြား ပြောတဲ့ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်လည်း တက်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ငါးပိ ငါးခြောက် ငံပြာရည် လုပ်ငန်းရှင်အသင်း ကတော့ ငါးပိမှာ ဓာက်မြေသြဇာပါတယ် ဆိုတာဟာ ခိုင်လုံတဲ့ ဓာက်ခွဲခန်း စစ်ဆေးချက် မရှိဘဲနဲ့ ပြောဆိုတာ ဖြစ်ပြီးတော့ ယူရီးယား ဓာက်အ နည်းငယ်ပဲ တွေ့ရှိတာ ဖြစ်တယ် ဆိုပြီး တရားဝင် ငြင်းဆိုခဲ့ပါတယ် ။

အဲဒီပွဲမှာ တက်ရောက်ခဲ့တဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာဒေါ်စန်းမြင့် ကတော့ ငါး ပိဟာ လူပေါင်း များစွာ စားနေတဲ့ အစားအစာဖြစ်လို့ စနစ်တကျ တိုင်းတာတွေ လုပ်သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးသူ ကာကွယ်ရေး ဥပဒေက ထွက်မလာသေးတော့ ငါးပိရည်ကျိုမှာ ဓါတ်မြေသြဇာ ပါခဲ့ရင်လဲ လုပ်ငန်းရှင်တွေကို တရားစွဲလို့ မရသေးပါဘူး။

ဒါ့အပြင် ငါးပိဟာ ဒီနေ့အထိ တခြား နိုင်ငံက အစားအသောက် တွေလို ပမာဏ များရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အငန်ဓါတ် ဘယ်လောက် ၊ အဆီဓါတ် ဘယ်လောက် ဆိုတာမျိုး ဒီနေ့ အထိ စနစ်တကျ လေ့လာထား တာမျိုး မရှိသေးပါဘူး ။

မြန်မာနိုင်ငံက အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဌာနက ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလို့ တရားဝင် ပြည်သူတွေကို အသိပေးတာမျိုးလဲ မရှိသေးတော့ လူတွေကတော့ အခုချိန်မှာ ငါးပိစားဖို့ကိုတော့ ယုံကြည်မှု ပျောက်ဆုံးနေကြပါတယ်။

ဒီတော့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ရှေးအစဉ်ဆက် ရိုးရာအစားအစာ အဖြစ် စားလာခဲ့တဲ့ ငါးပိကို အားလုံး စိတ်ချပြီး စားသုံးနိုင်တယ်လို့ ပြောလို့ ရအောင် အရည်သွေးကို အာမခံ နိုင်အောင် ဖော်ထုတ်ဖို့ လိုနေပြီ ဖြစ်ပါတယ်။