ဒေါ်စု ဗြိတိသျှ အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံ

Image caption ဗြိတိသျှ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ဒေါ်စု တွေ့စဉ်

ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဗြိတိသျှ အိမ်ရှေ့မင်းသား ချားလ်စ် နဲ့ ဒေသအချိန် ဒီနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံ ခဲ့ပြီး ညနေပိုင်းမှာ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

သူဟာ မနက်ပိုင်းမှာတုန်းကလည်း ဗြိတိသျှ အထက် လွှတ်တော်နဲ့ အောက်လွှတ်တော်တွေဆီ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း မြောက်ပိုင်း အိုင်ယာလန် ဒေသငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း လေ့လာဖို့ အစီအစဉ်ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ