ရောမမြို့တော်သူ ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

Image caption ရောမ မြို့တော်ဝန် Ignazio Marino နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဥရောပ ငါးနိုင်ငံ ခရီး ထွက်ခွာနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး ခရီးတထောက်အဖြစ် အီတလီ နိုင်ငံ ရောမမြို့ကို ရောက်နေပါပြီ ။

မနေ့က ရောမ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရောမမြို့တော်သူ ဆု ကို လက်ခံ ရယူခဲ့ပါတယ်။

ဒီဆုဟာ ၁၉၉၄ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ရောမမြို့တော်ဝန် Ignazio Marino က ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံ အတွက်တော့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့် ဆိုင်ရာ စံနမူနာကောင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ ဝန်ကြီးချုပ် အန်နရီကို လက်တာ ၊ သမ္မတ နက်ပိုလီတာနို ၊ နိုင်ငံခြားရေး ဝန်ကြီး အယ်မာ ဘိုနီနို တို့အပြင် ပါလီမန် ဥက္ကဌတွေ ၊ တခြား အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ