ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်

Image caption တနိုင်တပိုင် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရ

မြန်မာ နိုင်ငံသားတွေ ကုမ္ပဏီ ထောင် ရာမှာ အရင် သတ်မှတ်တဲ့ မတည် ငွေရင်းနဲ့ ကနဦး ထည့်ဝင်ရမယ့် ငွေပမာဏ သတ်မှတ်ချက် ကို ရုပ်သိမ်း လိုက်တယ်လို့ အမျိုးသား စီမံကိန်း ဝန်ကြီး ဌာန က ကြေညာပါတယ်။

ဒါကြောင့် မြန်မာ နိုင်ငံသားတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ စတင်ပြီး ကုမ္ပဏီ တည်ထောင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

လုပ်ငန်း ပမာဏ အပေါ် မူတည်ပြီး မိမိ မတည်လိုတဲ့ ငွေနဲ့ တနိုင်တပိုင် နဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိစေမှာ ဖြစ်သလို ကုမ္ပဏီတွေ များလာတဲ့ အတွက်လည်း အစိုးရ အတွက် အခွန်ငွေ တိုးလာ စေမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။

အခုလို ကန့်သတ်မှု ဖြေလျှော့ ပေးလိုက်တဲ့ အပေါ် စီးပွားရေး လုပ်ငန်းရှင် တွေက ကြိုဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ