စီးပွားရေးကို မျက်ခြေ မပြတ်ဖို့ ကမ္ဘာ့ဘဏ် သတိပေး

China Burma Border Trade
Image caption တရုတ် မြန်မာ နယ်စပ်က ကုန်သွယ် ပစ္စည်းများ

မြန်မာနိုင်ငံ ရဲ့ စီး ပွားရေးမှာ တိုးတက်မှု အလားအလာ ကောင်းတွေနဲ့ မျှော်လင့်ချက်တွေ ရှိနေချိန်မှာ အဟန့် အတား ဖြစ်နိုင်တဲ စိန်ခေါ်မှု တွေလည်း ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြ ပါတယ်။

မြန်မာ့ စီးပွါးရေး နဲ ပက်သက်ပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။

အခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုး တက်မှုနှုန်းက အလား အလာ ကောင်း နေပြီး ၆.၈ ရာ ခိုင်နှုန်းထိ တိုးတက် လာမယ် လို့ ခန့်မှန်း ထားပါတယ်။

ဒါပေမဲ့ ငွေကြေး ဖောင်းပွ မှုနှုန်းက ၇ ရာ ခိုင်နှုန်းကျော် အထိ မြင့်လာ နေတာ ကိုလည်း ထောက်ပြထား ပါတယ်။

အစိုးရ အနေနဲ့ ၂၀၁၅ ရွေး ကောက်ပွဲ ကိုပဲ အာရုံစိုက် နေရင် တခြား နိုင်ငံ တွေ မှာ ဖြစ်သလို စီးပွားရေး ပြုပြင် ပြောင်းလဲ မှုတွေ ကို အာရုံစူးစိုက်မှု လျော့သွား နိုင်တာကို သတိ ထားသင့် တယ်လို့ ကမ္ဘာ့ဘဏ်ရဲ မြန်မာ နိုင်ငံ ဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် မစ္စတာ ကွီးမားက ပြောပါတယ်။

မြန်မာနိုင်ငံ မှာတင်မက အမေရိကန်လို နိုင်ငံ ကြီးမှာလည်း အလားတူ ဖြစ်လေ့ ရှိတယ်လို့ မစ္စတာ ကွီးမားက ပြောပါတယ်။ ဒီ စာတမ်းကို ရေးသား ပြုစု ခဲ့သူ တစ်ယောက် ဖြစ်တဲ့ ကမ္ဘာ့ဘဏ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး ပညာရှင် ဒေါ် မေသက်ဇင် ကတော့ စီးပွားရေး တိုးတက်မယ့် အလား အလာ ကောင်း တွေ ရှိ ပေမဲ့ နိုင်ငံတွင်းမှာ ငွေကြေး ဖောင်းပွမှု မြင့်တက် လာနေတာက စိန်ခေါ်မှု တစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ် မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင်နေပြီး ၂၀၁၅ ရွေး ကောက်ပွဲ အတွက်လည်း အာရုံစိုက် လုပ်နေ ကြတဲ့ အချိန်မှာ စီပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ကိုလည်း မျက်ခြေ မပြတ်ဖို့ ကမ္ဘာ့ဘဏ်က သတိ ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ