ကချင် ရေအားလျှပ်စစ် လုပ်ငန်း ပုဂ္ဂလိကပေး

Electricity
Image caption ပုဂ္ဂလိက က လျှပ်စစ် ထုတ်ရင် လူတွေ မီးပို လင်းနိုင် မယ်လို့ ပြည်နယ် အစိုးရ ယူဆ

ကချင်ပြည်နယ် နမ္မတီးနဲ့ နမ့်မောက် မြို့အနီးက နမ့်ခါးခါးနဲ့ ဂလိုင်ချောင် ရေအားလျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် အများပိုင် လီမိတက်ကို ပြီးခဲ့တဲ့ရက်က လွဲပြောင်း ပေးလိုက် ပါတယ်။

အဲဒီ ကုမ္ပဏီက ၂၅ နှစ် လုပ်ကိုင်ခွင့် ရရှိပါတယ်။

အစိုးရ ဝန်ထမ်းတွေ လုပ်တာထက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်တာက ပိုမို အကျိုးရှိမှာ ဖြစ်လို့ လွဲပြောင်းပေးတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရ လျှပ်စစ်နဲ့ စက်မှု လက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

လောလောဆယ် ၁ ဒဿမ ၅ မီဂါဝပ် ဖြန့်ဖြူးပေးနေတဲ့ ဒီလုပ်ငန်း အတွက် ပုဂ္ဂလိကနဲ့ အကျိုးတူ လုပ်ငန်း လုပ်ဆောင်ခြင်း အားဖြင့် ရရှိလာမယ့် အမြတ် အစွန်းကနေ ကချင်အစိုးရက ရန်ပုံငွေ ၂ဝ ရာခိုင်းနှုန်းရရှိမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲ့ဒီကုမ္ပဏီမှာ အလုပ် လုပ်ချင်တဲ့ အစိုးရ ဝန်ထမ်းတွေကို ၅ နှစ် သွားရောက် ခွင့်ပေးထား ပါတယ်။

ကချင် ပြည်နယ်က တခြား လျှပ်စစ်မီး ထုတ်လုပ်မှု တွေကိုလည်း အဆင်ပြေ သလို ပုဂ္ဂလိက လက်ထဲ လွဲပြောင်း ပေးဖို့ ရှိတယ်လို့ ဦးစိုင်းမောင်ရွှေက ပြောပါတယ်။