အားကစား သတင်း ယူမယ့် သတင်းထောက်တွေ အခက် အခဲကြုံနေ

Sea Games 2011 in Indonesia
Image caption ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ Sea Games မှာ ဘောလုံးပွဲကို စိတ်ဝင်စားသူ များပြား

နှစ်ပေါင်း များစွာ အတွင်း မြန်မာ နိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပွဲ ကြီး စတင်ဖို့ တဖြည်းဖြည်း နီးလာ ချိန်မှာ အစီအစဉ် အသေးစိတ်ကို တိတိကျကျ ထုတ်ပြန် ထားတာ မရှိတဲ့ အတွက် သတင်း ယူမယ့် သူတွေ အခက် ကြုံနေရ တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ရောက်မှ တရားဝင် ဖွင့်ပွဲ လုပ်မှာ ဖြစ်ပေမဲ့ တချို့ အားကစား ပွဲတွေ ကိုတော့ ဖွင့်ပွဲနေ့ မတိုင်ခင် ကတည်းက စတင် ကျင်းပနေကြပါပြီ။

သတင်း ယူခွင့် ရထားတဲ့ သတင်းထောက်တွေ အားလုံး ဖွင့်ပွဲ အခမ်း အနားကို သတင်း ယူခွင့် ရှိမရှိ၊ သတင်းထောက်တွေကို ဘယ်ဟိုတယ် တွေမှာ နေခွင့် ပေးမယ်၊ အားစားပွဲ တစ်ခု ကနေ တစ်ခု သွားရေး လာရေး ဘယ်လို စီစဉ် ပေးမယ် စတဲ့ အသေးစိတ်ကို ထုတ်ပြန် ထားခြင်း မရှိဘူးလို့ European Press Agency က သတင်းထောက် ကိုငြိမ်းချမ်းနိုင်က ပြောပါတယ်။

အားကစားပွဲတွေနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာတဲ့ သတင်းတွေ ထဲမှာ သူတို့ သိချင်တာတွေကို မေးမြန်းဖို့ရာ မှာလည်း ဘယ်ကို ဆက်သွယ် မေးရမှန်း မသိ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အရှေ့တောင် အာရှ အားကစားပွဲ ဆိုင်ရာ တရားဝင် ဝက်ဘ်ဆိုဒ်၊ အစိုးရ သတင်းစာမှာ မကြာခင်ရက်က ထုတ်ပြန်ထားတဲ့ အချိန်ဇယားနဲ့ အရင်က ထုတ်ပြန်ထားတဲ့ ၇၂ မျက်နှာပါ အသေးစိတ် အချက် အလက်တွေမှာ တခုနဲ့ တခု မတူဘဲ ကွဲလွဲနေတဲ့ အတွက် ဘာကို အတည် ယူရမှန်း မသိ ဖြစ်နေတယ်လို့ ကိုငြိမ်းချမ်းနိုင်က ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန Media Management Project ကို လုပ်ဆောင်နေတဲ့ တာဝန်ခံ ဒေါ်သင်းသင်းအောင်က တော့ အရှေ့တောင် အာရှ အားကစားပွဲ ဆိုင်ရာ တရားဝင် ဝက်ဘ်ဆိုဒ်ကိုပဲ အတည် ယူသင့်တယ်လို့ ပြောပါတယ်။

ဖွင့်ပွဲနေ့မှာ ဖိတ်စာရတဲ့ သတင်း သမားတွေသာ တက်ရောက် သတင်းယူနိုင်တယ် ဆိုတာမျိုး ပြောနေတာတွေ ကြားရပေမဲ့ တရားဝင် ထုတ်ပြန်ထားတာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

သတင်း သမားတွေ တည်းခိုဖို့ရာ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်ပေးထားတဲ့ နေရာ တွေမှာသာ တည်းခိုကြရမှာ ဖြစ်ပြီး တစ်ယောက်ချင်း အနေနဲ့ စီစဉ်လို့ မရကြောင်းနဲ့ ကစားပွဲ ကျင်းပရာ နေရာတွေကို ဟိုတယ်က လွန်းပျံ သယ်ပို့ ပေးမယ့် ကားတွေကို သုံးနိုင်တယ် လို့လည်း ဒေါ်သင်းသင်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ