ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့

aids_hiv_
Image caption အေအိုင်ဒီအက်စ် ဆေးဝါး

ကနေ့ ကျရောက်တဲ့ ကမ္ဘာ့ AIDS တိုက်ဖျက်ရေး နေ့ မှာ ခွဲခြား နှိမ်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART ဖြင့် ကုသပေး ဆိုပြီး ဆောင်ပုဒ် ထုတ်ပြန် လှုပ်ရှားသွား ပါမယ်။ AIDS ရောဂါ တိုက်ဖျက်ရေး အတွက် ခွဲခြားမှုတွေ ပပျောက်ဖို့ ကမ္ဘာမှာ နှိုးဆော်နေကြတဲ့ အချိန် လည်း ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ က ကူးစက်နိုင်ခြေ များတဲ့ အသိုင်းအဝိုင်း တချို့ မှာတော့ သူတို့ကို ခွဲခြား နှိမ်ချ သလို ဖြစ်စေတဲ့ ခေတ်ဟောင်း ဥပဒေတွေ ကြောင့် ကူးစက်မှု ကျဆင်းရေး အဟန့်အတား မဖြစ် ရအောင် ကျန်းမာရေး ဌာန က ကြိုးပမ်း နေ တဲ့အကြောင်း၊ ဒီနေရာ မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အတွင်း၊ မူးယစ်ဗဟို လို ဌာန၊ မြို့နယ် အလိုက် ဆောင်ရွက်ရာမှာ အလုပ် အောင်မြင်အောင် လုပ်နေတဲ့ အကြောင်း၊ အထူးသဖြင့် MSM လို့ ခေါ်တဲ့ လိင်တူချင်း ပေါင်းသင်း နေထိုင်တဲ့ အမျိုးသားတွေ၊ Sex Workers တွေ ကို ပညာပေးရာမှာ PSI အဖွဲ့ က ရုံးခန်းတွေ ဖွင့်ပြီး ပညာပေး စာရွက်စာတန်း ဝေတာမျိုး၊ ဗီဒီယို စတာတွေ နဲ့ ကူညီပုံတွေ ကို မြန်မာ နိုင်ငံ AIDS ရောဂါ တိုက်ဖျက်ရေး နိုင်ငံအဆင့် စီမံကိန်း မန်နေဂျာ ဒေါက်တာ ဦး မြင့်ရွှေက ဘီဘီစီကို ပြောကြား ခဲ့ ပါတယ်။ ဒီလို အခက်အခဲ ကြား က ကြိုးပမ်း လှုပ်ရှား ခဲ့မှုတွေကြောင့် ရောဂါ ကူးစက်နှုန်း တွေ ကျလာတယ် လို့လည်း သူ က ဆက်ပြော ပါတယ်။

MSM လို့ ခေါ်တဲ့ လိင်တူချင်း ပေါင်းသင်း နေထိုင်တဲ့ အမျိုးသားတွေ၊ Sex Workers တွေ ကို အဆိုပါ ရောဂါ တိုက်ဖျက်ရေး အတွက် ဝေဒနာရှင်တွေကို ART ဆေး ထောက်ပံ့တဲ့ အစီအစဉ် တွေ ကြောင့် ပျောက်ကင်း လျော့နည်းမှု ရာခိုင်နှုန်း သိသာ ထင်ရှား ပုံ လည်း ရှင်းပြပါတယ်။

ရောဂါ ကူးစက်မှု တိုက်ဖျက်ရေး မှာ အတားအဆီး ဖြစ်နေတဲ့ ဥပဒေတွေ ပြင်ဆင် ဖျက်သိမ်းရေး အတွက် ကုလ သမဂ္ဂ အစီအစဉ် နဲ့ တရားရေး ဌာန ပုဂ္ဂိုလ်တွေ၊ ရောဂါရှင်တွေနဲ့ လူမှု အဖွဲ့အစည်းတွေ ပါဝင်တဲ့ နှီးနှောဖလှယ်ပွဲ တွေ နေပြည်တော်မှာ ကျင်းပပြီး ဆိုင်ရာ ကနေ အဆင့်ဆင့် ကြိုးပမ်း နှိုးဆော်သွားမယ်လို့ သိရပါတယ်။