မြန်မာ ဖိလစ်ပိုင် သဘောတူညီချက်အချို့ လက်မှတ်ထိုး

Image caption မနီလာမြို့က သမ္မတ အိမ်တော်မှာ တွေ့ဆုံစဉ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိလစ်ပိုင် ခရီးစဉ် ဒုတိယနေ့မှာ မြန်မာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ သဘော တူညီချက် နှစ်ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ ဖိလစ်ပိုင် သမ္မတရုံး ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

သူ့ ခရီးစဉ် အတွင်း ဖိလစ်ပိုင် နိုင်ငံသားတွေ ဗီဇာ မလိုဘဲ မြန်မာ နိုင်ငံကို သွားရောက်နိုင်ခွင့် အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ စိုက်ပျိုးရေးနဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။

နှစ်ပေါင်း ၂၀ နီးပါး ပြည်ပရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံခဲ့ရတဲ့ မြန်မာ နိုင်ငံဟာ ကျန်တဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အမီ လိုက်နိုင်စေဖို့ ရင်းနှီး မြှုပ်နှံမှုတွေ ပိုလာကြဖို့နဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးကြဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့ တယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ