တိုင်းရင်းသားလက်နက်ကိုင်တွေ ထပ်တွေ့ကြမည်

Image caption ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ

အစိုးရနဲ. ဘားအံမှာ တွေ.ဆုံပွဲ မတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ.တွေရဲ. ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာလလယ်မှာ ကေအင်န်ယူ နယ်မြေ လောခီးလာ စခန်းမှာ ကျင်းပဖို. စီစဉ်ထားပါတယ်။

ဒီဇင်ဘာလ ၁၈ ၁၉ နဲ. ၂၀ ရက်တွေမှာ ကျင်းပဖို. စီစဉ်ထားတဲ့ ဒီညီလာခံကို ယူအင်အက်ဖ်စီ အဖွဲ.ဝင် ၁၂ ဖွဲ.နဲ. အဖွဲ.ဝင် မဖြစ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.အစည်း အနည်းဆုံး ခြောက်ဖွဲ. အပါအဝင် အဖွဲ.အစည်း ၁၈ ဖွဲ. တက်ရောက်မယ်လို. သိရပါတယ်။

ပထမအကြိမ် လိုင်ဇာညီလာခံမှာ တိုင်းရင်းသားတွေကြား သဘောတူထားခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အချက် ၁၁ ချက် ပါဝင်တဲ့ စာချုပ် မူကြမ်းကို သဘောထား ရယူ အတည်ပြုနိုင်ဖို. တင်သွင်းသွားမှာ ဖြစ်တယ်လို. ကေအန်ယူ တွဲဖက်အတွင်းရေးမှုး ၂ ဖဒိုမန်းမန်း က ပြောခဲ့ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိုလဲ သဘောထား ရယူဖို. ရှိပါတယ် လို. ဖဒိုမန်းမန်း က ဆက်ပြောပါတယ်။

ယခု ညီလာခံက သဘောတူလိုက်တဲ့ အချက်တွေကို နောက်ပိုင်းမှာ ပြုလုပ်မယ့် အစိုးရနဲ. ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေက တောင်းဆို ဆွေးနွေးမှာ ဖြစ်တယ်လို. သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ