ရခိုင်ပဋိပက္ခ ပါဝင်သူတွေ နှစ်ရှည်ထောင်ချ

Rakhine
Image caption ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပဋိပက္ခ ဒုတိယအကြိမ် ထပ်ဖြစ်ခဲ့

၂ဝ၁၂ ခုနှစ် အောက်တိုဘာလက ဒုတိယ အကြိမ် ရခိုင် ပဋိပက္ခအတွင်း မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင်ရွာကို တိုက်ခိုက်ရာမှာ ပါဝင်သူ ၃ ဦးကို စစ်တွေ ခရိုင် တရားရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် လိုက်ပါတယ်။

ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ ဖမ်းဆီး စွဲဆို ခံခဲ့ရတဲ့ ရခိုင် အမျိုးသား ၈ ဦးရဲ့ အမှုမှာ ၅ ဦး ကို တရားသေ လွှတ်ပေးပြီး ကျန်တဲ့ သုံးဦး ကိုတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ် လိုက်ပါတယ်။

မြောက်ဦး မြို့နယ်က သံရှည်ပြင် ကျေးရွာသား ၂ ဦးကို ပုဒ်မ ၃ဝ၂ အရ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁ဝ နှစ်၊ မြောက်ဦးမြို့ အောင်မင်္ဂလာ ရပ်ကွက်က ကိုစောဖြူကို ပုဒ်မ ၁၄၇ နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက် ပေးခဲ့တဲ့ ရှေ့နေ အမျိုးသမီးကြီး ဒေါ်အေးနုစိန်က ပြောပါတယ်။

တရားသေ လွတ်သွားတဲ့ သူတွေက ဇော်မိုးထွန်း၊ ညီပုခေါ် ဇော်မြင့်နိုင်၊ ဦးတင်လှ၊ ဦးအောင်ကျော်စိန်၊ ဦးပြေသိန်းအောင်တို့ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အတွင်း မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင်ရွာကို တိုက်ခိုက်မှုဟာ အပြင်းထန်ဆုံး ဖြစ်ပြီး လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ