တာဝန်သိသိ ရင်းနှီး မြှုပ်နှံဖို့ UMFCCI တိုက်တွန်း

China Pipeline opening
Image caption တရုတ် မြန်မာ ဓါတ်ငွေ့ ပိုက်လိုင်း ဖွင့်ပွဲ

မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင် ကြတဲ့ အခါ Responsible Investment တာဝန်သိတဲ့ ရင်းနှီး မြှုပ်နှံမှု မျိုး လုပ်ကြပါလို့ UMFCCI မြန်မာ နိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က တိုက်တွန်းလိုက် ပါတယ်။

မြန်မာနဲ့ တရုတ်နိုင်ငံ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အရင်က အိမ်နီးချင်းနိုင်ငံတွေနဲ့သာ အများဆုံး ကုန်သွယ် ခဲ့ရတဲ့ မြန်မာ နိုင်ငံကို အခုတော့ နိုင်ငံ တကာကလည်း လာရောက် ရင်းနှီးချင် ကြတာတွေ များနေချိန်မှာ မြန်မာ နိုင်ငံက ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ကြဖို့ သတိပေးတာ ဖြစ်တယ်လို့ UMFCCI ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

မြန်မာ နိုင်ငံအနေနဲ့ ခေတ်တွေ ပြောင်းလာလို့ အသိအမြင်တွေတိုးလာတာနဲ့ အမျှ တာဝန်သိတဲ့ ရင်းနှီး မြှုပ်နှံမှုကိုပိုမို အာရုံစိုက်လာတယ်၊ လိုအပ်တာတွေကို ပြင်ဆင်မယ်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမှာလည်း ထည့်သွင်း သွားမယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံက လာရောက်ရင်းနှီးတဲ့ အပိုင်းမှာတော့ မြန်မာ နိုင်ငံဘက်က လိုလားတဲ့ အတိုင်း လိုက်နာ လုပ်ဆောင် ရမယ်ဆိုတာ နားလည်တဲ့ အကြောင်းနဲ့ အရင်က ဒီလို တာဝန်သိမှုမျိုး ရှိချင်မှ ရှိခဲ့မှာ ဖြစ်ပေမဲ့ အခုတော့ ကမ္ဘာက သတ်မှတ်ထားတဲ့ စံတွေနဲ့ သူတို့နိုင်ငံရဲ့ ပုံစံနဲ့ အညီ တာဝန်သိ ရင်းနှီး မြှုပ်နှံမှုတွေ လာမယ်လို့ ပြောကြောင်းလည်း ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ တရုတ်ရဲ့ ရင်နှီး မြှုပ်နှံမှု ရှိနေတဲ့ နေရာတွေမှာ CSR လို့ ခေါ်တဲ့ ကုမ္ပဏီကြီးတွေက လူမှုရေးတာဝန်တွေ လုပ်ဆောင်ပေးရမယ့် အတိုင်း ဒေသဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးနေတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ