STADA ဆေးစက်ရုံ ရန်ကုန်မှာ တည်ဆောက်မယ်

Image caption STADA ဆေးဝါးစက်ရုံကို ရန်ကုန်မှာ တည်ဆောက်မယ်

ဂျာမနီ နိုင်ငံက ဂျနရစ် ဆေး ကုမ္ပဏီဖြစ်တဲ့ စတာဒါ STADA ကနေ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကုန် ကျရင် ဆေးဝါး ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း မနေ့က ထုတ်ပြန် ကြေညာလိုက် ပါတယ်။

ဒီအတွက် ဆေးဝါးထုတ်လုပ်မယ့် စက်ရုံကို ရန်ကုန် မြို့မှာ တည်ဆောက်မှာ ဖြစ်ပြီး၊ အခုဆိုရင် စတာဒါ မြန်မာ joint venture ကုမ္ပဏီ လီမိတက်ကို တည်ထောင်ထားပြီး ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

စတာဒါဟာ အနောက်နိုင်ငံတွေ ကနေ မြန်မာနိုင်ငံမှာ အဦးဆုံး လာရောက် ရင်နှီးမြှုပ်နှံတဲ့ ဆေးဝါး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဂျနရစ် ဆေးတွေနဲ့ နာမည်ကြီး တံဆိပ် ဆေးဝါးတွေကို ဗီယက်နမ် နိုင်ငံကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ