လွတ်လပ်အတွေး ဆွေးနွေးဖလှယ်_၂၀၁၃ခုနှစ်အတွင်း လူထုဘဝ အပြောင်းအလဲ

၂၀၁၃ခု နှစ်သစ်ကို ကြိုဆိုစဉ်
Image caption ၂၀၁၃ခု နှစ်သစ်ကို ကြိုဆိုစဉ်

မကြာမီ ၂၀၁၃ခုနှစ်ကုန်ဆုံးပြီး နှစ်သစ်ကိုကြိုဆိုကြတော့မှာဖြစ်ပါတယ်။

အခုမြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ဒီမိုကရေစီ အသွင်ကူပြောင်းရေးကြောင့် ၂၀၁၃ခုနှစ် တနှစ်တာကာလ အတွင်း ပြည်သူလူထုရဲ့ ဘဝ ဘယ်လောက် တိုးတက် ပြောင်းလဲလာသလဲ

အပြောင်းအလဲတွေရဲ့ အကျိုးစီးပွားတွေကို သာမန် ပြည်သူတွေ ဘယ်လောက် ခံစားနေရပါသလဲ။

သောတရှင်တွေရဲ့ အမြင်အတွေးတွေကို ဒီဇင်ဘာလ ၂၈ရက် စနေနေ့မှာ တင်ဆက်မယ့် ဘီဘီစီရဲ့ လွတ်လပ် အတွေး ဆွေးနွေး ဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဖုန်းနံပါတ် ၀၀ ၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk အီးမေးလ်ကို ဖြစ်စေ ဆက်သွယ်ပြီး ကိုယ့်ရဲ့ နာမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ နိုင်ငံနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေ ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebook မှာလည်း ကိုယ့်ရဲ့အမြင်တွေကို ရေးသားနိုင်ကြပါတယ်။