အခြေခံဥပဒေ ဆိုင်ရာ ရန်ကုန် လူထု ဆွေးနွေးပွဲ

Image caption အစိုးရ နဲ့ လွှတ်တော် မှာ အမျိုးသမီး တွေ ၃ဝ ရာခိုင်နှုန်း အထိ ပါဝင် နိုင်အောင် လုပ်ဆောင်သင့်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ ကွန်ရက် အနေနဲ့ လူထု ဆွေးနွေး ပွဲကို တရပ်ကို ပညာရှင်တွေ သတင်းစာ ဆရာတွေနဲ့ ရန်ကုန်မြို့ သမိုင်း မြို့မ ကျောင်းတိုက်မှာ ပြုလုပ် ကျင်းပ ခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင် ရေးမှာ တိုင်းရင်းသား အရေး၊ အမျိုးသမီး အရေးနဲ့ အများ ပြည်သူက စိတ်ဝင် တစား ပါဝင် လာရေး အတွက် အဓိက ဆွေးနွေး ခဲ့ကြတယ် လို့ ဆွေးနွေး ပွဲကို တက်ရောက် သူတွေက ပြောပါတယ်။

စာရေး ဆရာ ဦးကျော်ဝင်း ကတော့ အခု ဖွဲ့စည်းပုံမှာ တိုင်းရင်းသား အရေးနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အေးအေး ချမ်းချမ်း ဖြစ်ပေါ် လာရေး အတွက် အဓိက စဉ်းစား လုပ်ဆောင် သင့်တယ်လို့ ပြောကြားခဲ့ ပါတယ်။

တိုင်းရင်းသားတွေ အနေနဲ့ တန်းတူ ညီမျှရေး အတွက် ဖယ်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက် ရေးကို လိုလားတဲ့ အကြောင်းကို SNLD က ဦးစိုင်းညွှန့်လွင် က ပြောကြားခဲ့ ပါတယ်။

သတင်းစာ ဆရာ ဦးဖေမြင့် ကတော့ လူထု တွေရဲ့ အခွင့် အရေးနဲ့ ပတ်သက်ပြီး ပါဝင် ပြောဆိုဖို့ လိုအပ်တဲ့ အကြောင်း ပြောကြား ပါတယ်။

နိုင်ငံရေးမှာ အမျိုး သမီးတွေ ပိုမို ပါဝင်လာ နိုင်အောင် အစိုးရ အဖွဲ့မှာရော လွှတ်တော်ထဲ မှာပါ အမျိုး သမီး တွေကို ၃ဝ ရာခိုင်နှုန်း အထိ ပါဝင် နိုင်အောင် ဖွဲ့စည်းပုံ မှာ ပြဌါန်း သင့်တဲ့ အကြောင်း အမျိုး သမီး ကိုယ်စားလှယ် တစ်ဦးက ဝင်ရောက် ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ