၂၀၁၄အတွင်း တပြည်လုံး အပစ် ရပ်နိုင်မယ်လို့ မျှော်လင့်ရ

တိုင်းရင်းသားများနဲ့ ဝန်ကြီး ဦးအောင်မင်း
Image caption တိုင်းရင်းသားများနဲ့ ဝန်ကြီး ဦးအောင်မင်း

ဆွေးနွေးပွဲမှာ အဓိကအားဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကို တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အလုပ်အမှုဆောင် ကော်မီတီတို့ ချင်းမိုင်မှာ ဆွေးနွေးကြပြီး အချက် တော်တော် များများ သဘောတူညီ ခဲ့ကြပါတယ်။

ထပ်ညှိနှိုင်းဖို့လိုတဲ့ အချက်တွေကတော့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ မစမီကြားကာလမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်လက် ရပ်တည်ရေး အတွက်တော့ ညှိရဦးမယ်လို့ တိုင်းရင်းသားတွေရဲ့ တပြည်လုံး အပစ်အခတ်ရ ပ်စဲရေး ညှိနှိုင်းမှု ကော်မီတီမှ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖဒိုစောကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ဘုံရပ်တည်ချက်ထဲမှာပါတဲ့ ဖယ်ဒရယ်ပြည်ထောင်စု နဲ့ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး ကိစ္စတွေကိုတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်တဲ့အခါကျမှ ဆက်ဆွေးနွေးကြမယ်လို့ ဖဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

လောလောဆယ် ညီညွတ်သော တိုင်းရင်းသားများဖယ်ဒရယ် ကောင်စီUNFCနဲ့ အခုအပစ်ရပ်ညှိနှိုင်းရေး ကော်မီတီနဲ့ နှစ်ခုကွဲနေလားဆိုတဲ့ အမေးကိုတော့ UNFCထဲမှာ အချို့ တိုင်းရင်းသားအဖွဲ့တွေမပါကြောင်း အခု တတိုင်းပြည်လုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့မှာ တိုင်းရင်းသား အစုံပါဝင်ကြောင်း နှစ်ဖွဲ့ကွဲနေတာ မဟုတ်ကြောင်း သူကဆက်ရှင်းပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမယ့် ဇန္နဝါရီလ တတိယပ တ်လောက်မှာ ဖားအံမှာ ပြုလုပ်နိုင်မယ်လို့မျှော်လင့်ကြောင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့မှ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ