မြန်မာ အစိုးရ လွှတ်ပြီး အကျဉ်းသား ပြန်ဖမ်း

Image caption အကျဉ်းသား အားလုံး ပြန်လွှတ်ပေးပြီ

မြန်မာ နိုင်ငံမှာ သမ္မတ ဦးသိန်းစိန်က အကျဉ်းသား အားလုံးကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြေညာသွားခဲ့ပါတယ်။

သေဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက် လျော့ပေါ့ ပေးမှာ ဖြစ်ပြီး ထောင်ဒဏ် တသက် ချခံထားသူတွေကိုတော့ နှစ်လေးဆယ်ထိ ပြစ်ဒဏ် လျော့ပေါ့ပေးကာ ကျန်တဲ့ ထောင်ဒဏ် နှစ် ၂၀အောက် ကျခံနေရသူတွေကို ကျခံထားရတဲ့ ပြစ်ဒဏ်တွေ ထက် ၂၅ ရာခိုင်နှုန်း လျော့ပေါ့ ပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ရဲ့ ကြေညာချက် အရ ဒီနေ့ ကြာသပတေးနေ့ ညနေ ၆နာရီ သတင်း မှာ အခုလို ထောင်ဒဏ်တွေ လျှော့ပေးလိုက်ပေမဲ့ မနေ့ ကဘဲ နိုင်ငံရေးပုဒ်မ တွေ့နဲ့ ထိန်းသိမ်းထားတဲ့ တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်း နှစ်ဦးကို ဇန်နဝါလ ၁ ရက် မနက်ပိုင်း အကျဉ်းထောင်က လွှတ်ပေးပြီး ပြန်ထိန်းသိမ်းခဲ့ပါတယ်။

လားရှိုးထောင် က အရင် တပ်မတော် ထောက် လှမ်း ရေး ဗိုလ်မှူးကြီးတင်ဦးနှင့် ဘားအံအကျဉ်းထောင်မှ ဗိုလ်မှူးဟောင်း မိုးသူ တို့ကို ဇန်နဝါရီ တစ်ရက် က လွှတ်ပေးခဲ့ပြီး ညနေပိုင်းမှာဘဲ ပြန်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ် ကတော့ သူတို့ဟာ အီလက်ထရွန်းနဲ့ ဥပဒေ အပါအဝင် တခြား ပြစ်မှုတွေ ကျူးလွန်တာကြောင့် ပြန်အဖမ်းခံရတာလို့ ဆိုပါတယ်။ အခု လို တစ်ရက် အတွင်း ပြန်အဖမ်း ခံခဲ့ ရတဲသူတွေ ကတော့ ၂၀၀၄ခု နှစ် လောက်ထဲက အဖမ်း ခံရ တဲသူတွေ ဖြစ် ပါတယ်။

ဗိုလ်မှူးကြီးတင်ဦး ကို လားရှိုး လေဆိပ် မှာဘဲ တာဝန်ရှိ သူတွေက ပြန်လည် ခေါ်ဆောင်သွားခဲ့ပြီး ဗိုလ်မှူးမိုးသူကို ရန်ကုန်အပြန် မှာ ပြန်ပြီး ထိမ်းသိမ်း ခဲ့တာ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီထောက်လှမ်းရေး အရာရှိဟောင်းတွေ အပြင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါလာ နိုင်သလား ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောတ် ရေး ဗဟို ကော်မတီဝင် ကိုရဲအောင် ကတော့ မြန်မာနိုင်ငံ အနှံ့က ထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားပေါင်း ၄၀ လောက် ရှိနိုင်ပါသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော် ထောက်လှမ်းရေးအရာရှိတွေ ၂၀ ကျော်လောက် ထောင်ထဲမှာ ပစ်ဒဏ်တွေကျခံ နေရဆဲ ဖြစ်ပြီး ဒီနှစ်ထဲမှာ လွတ်လာတဲ့ ဒီ တပ်မတော် ထောက်လှမ်းရေး အရာရှိ နှစ်ဦး က လွတ်ပြီး တစ်ရက် အတွင်း ပြန်အဖမ်းခံရသူတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ