မဇ္စျိမလှိုင်းဂီတမှူး ကိုဇော်မျိုးထွဋ် ကွယ်လွန်

Image caption မဇ္စျိမလှိုင်းဂီတအဖွဲ့က ဂီတမှူး ကိုဇော်မျိုးထွဋ်

မဇ္စျိမလှိုင်းဂီတအဖွဲ့က လိဒ်ဂီတာသမား၊ ရုပ်ရှင်ဂီတ အကယ်ဒမီဆုများရှင် ဂီတမှူး ကိုဇော်မျိုးထွဋ် မနေ့ညပိုင်း တုန်းက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက်၅၄နှစ် ရှိပါပြီ။

ငယ်ငယ် ကတည်းက ရင်ကြပ် ရောဂါရှိပြီး အခုတော့ ရင်ကြပ်ရောဂါနဲ့ နှလုံးရပ်သွားတာလို့ အကြမ်းဖျဉ်း သိရကြောင်း သူ့ဆွေမျိုး အသိုင်းအဝိုင်း ထဲက ကြည်သာ ( ပွဲကြိုက်ခင် ) က ပြောပါတယ်။

ဖခင် ဖြစ်သူ စန္ဒယား ဦးလှထွဋ် ဆုံးပါးသွားတာ ၁၄နှစ် ပြည့်တဲ့ နေ့မှာ သားဖြစ်သူ ဇော်မျိုးထွဋ် ကွယ်လွန်သွားတာဟာ တိုက်ဆိုင်မှုလိုဘဲလို့ သူက ဆိုပါတယ်။

ကိုဇော်မျိုးထွဋ် ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအတွက် ဂီတ ပါရမီရှင် တယောက် ဆုံးရှုံးသွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။