ကလေးစစ်သား ၉၆ ဦးကို တပ်မတော်က ပြန်လွှတ်ပေး

ဓာတ်ပုံ ရင်းမြစ်, AFP
အခန်အနားမှာ နုတ်ထွက်ခွင့်ပြုကြောင်း စာပေးအပ်
ကုလသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ မြန်မာအစိုးရ တပ်မတော်ကနေ ကလေးစစ်သား ၉၆ ဦးကို တကြိမ်တည်းမှာ အများဆုံးအဖြစ် တပ်က နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။
ကလေးစစ်သားတွေကို ဘုရင့်နောင် အမှတ်(၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းကနေ မိဘတွေဆီကို လွှဲပြောင်းပေးတဲ့ အခန်းအနား ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ပြီး ပြန်အပ်နှံခဲ့တာ ဖြစ်ပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၉၆ ဦးကို တပ်မတော်ကနေ နှုတ်ထွက်ခွင့်ပြုတဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ ကလေးတွေရဲ့ မှတ်ပုံတင်တွေကို တပါတည်း ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း ဒီအခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တွဲဘက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုး ပြောပါတယ်။
အခုတပ်ထဲကနေ ထွက်ခွင့်ရလာကြတဲ့ သူတွေဟာ သူတို့ တပ်ထဲဝင်စဉ်က တချို့ဆိုရင် အသက်(၁၂)နှစ် လောက်ထိ ငယ်သေးတာကို တွေ့ရပါတယ်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ငန်းအစုအဖွဲ့ မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့ပြီး နောက်ပိုင်း နုတ်ထွက်ခွင့်ပေးတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
တချို့ဖြစ်ရပ်တွေမှာတော့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို တိုင်ကြားရာက ကလေးစစ်သားတွေ နုတ်ထွက်ခွင့်ရ လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာအစိုးရ စစ်တပ်ထဲမှာရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေမှာပါ ကလေးစစ်သားတွေ အများအပြား ကျန်နေသေးတယ်ဆိုတဲ့ ထောက်ပြဝေဖန်မှုတွလည်း ရှိနေပါတယ်။