ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌ မြန်မာပြည်ရောက်

health_myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့နေ

ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရဲ့ ပထမဆုံး မြန်မာ ခရီးမှာပဲ မြန်မာ နိုင်ငံ ဆင်းရဲ မွဲတေမှု ပပျောက်ရေး၊ စွမ်းအင်နဲ့ ကျန်းမာရေး ဝန်ဆောင်မှု တွေလို ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ သုံးစွဲဖို့ ဒေါ်လာ သန်း ၂ ထောင် ထုတ်ချေး သွားမယ်လို့ ကြေညာ လိုက်ပါတယ်။

၂ဝ၃ဝ ပြည့်နှစ်မှာ တနိုင်ငံလုံး လျှပ်စစ်မီး ရဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ အစိုးရကို ထောက်ပံ့ ကူညီသွားမှာ ဖြစ်ကြောင်း Jim Yong Kim က ပြောကြား ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် မြန်မာ့ ဖွံ့ဖြိုးမှု ဒုတိယ နှစ်ပတ်လည် ဖိုရမ် အစည်းအဝေး မှာ လည်း ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်၊ အစိုးရ အဖွဲ့ဝင် တွေနဲ့ အတိုက်အခံ ခေါင်းဆောင်၊ စီးပွားရေး လောကသားတွေ တွေ့ဆုံဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ