အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေး ကွဲလွဲနေဆဲ

burma worker
Image caption အလုပ်သမား ရပိုင်ခွင့် မကျေနပ်မှု တိုးပွားနေဆဲ

အခုနှစ် အတွင်း မြန်မာ နိုင်ငံ ရဲ့ အနိမ့်ဆုံးလုပ်ခ လစာ ပြဋ္ဌာန်းနိုင်ဖို့ အလုပ် သမား ကိုယ်စား လှယ် တွေ နဲ့ အစိုးရကြား သဘောထား ကွဲ လွဲ နေပါတယ် ။

အစိုး ရ နဲ့ ပညာ ရှင် တွေ တွက်ချက်အရ မြန်မာ နိုင်ငံ က အနိမ့် ဆုံး အလုပ် သမား လစာ ဟာ ခုနစ်သောင်း ကျပ် ဝန်း ကျင် ဖြစ်လာ ပါလိမ့် မယ် ။

တလ ၇ သောင်း ဆိုတာ နေ့စဉ် ပျမ်းမျှ ကျပ် ၂ ထောင် ကျော်ပဲ ရတယ်။

အလုပ် သမား တွေ ဘက် က လိုချင်တဲ့နှုန်း က တရက်ကို ကျပ် ၅ဝဝဝ နဲ့ ၇ဝဝဝ လိုချင် တယ်လို့ ပြော ထားပါတယ်။

အခု သတ် မှတ် ချက် ဟာ လက် တွေ့ မကျ သ လို အစိုးရ နဲ့ ဆွေးနွေး မှု တွေက ခရီး မရောက် ဘူးလို့ အနိမ့်ဆုံး လုပ်ခ လစာ အမျိုးသား အဆင့် အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောပါတယ်။

မနှစ် ဇွန် လက အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြဋ္ဌာန်း ခဲ့ပြီး နည်းဥပဒေ တွေကို ဇူလိုင်လက ထုတ်ပြန်ခဲ့ပါတယ် ။

ဒါ ပေ မဲ့ အနိမ့် ဆုံးလုပ် ခ လစာ ကိစ္စ ဆက်ဆွေးနွေး နေဆဲ ဖြစ်ပြီး ဒီနှစ်အတွင်း အနည်းဆုံးလုပ်ခ နှုန်းထား သတ်မှတ်ချက် ထုတ်ပြန် သွားမယ်လို့အလုပ်သမား ဝန်ကြီး က ပြောပါတယ်။

လျှပ်စစ်မီ တာ ခနဲ့ သယ်ယူ ပို့ဆောင်ရေး ကုန် ကျစရိတ် အခွန်အခ တွေကြောင့် တိုး ပေး ဖို့ အခက် ခဲ ရှိတယ် လို့ အလုပ် ရှင်တွေ ဘက် က ပြော ပါတယ် ။

အနိမ့်ဆုံး လုပ်ခ လစာ မပြဋ္ဌာန်း နိုင်မီမှာဘဲ လှိုင်သာယာ စက်မှုဇုန်မှာ အလုပ် သမား ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ