ဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံ ကျောက်ဆည်မှာ ဆောက်မယ်

ဓာတ်ပုံ မူပိုင် Google
Image caption အမေရိကန် ကုမ္ပဏီနဲ့ ပထမဆုံး သဘောတူညီမှုဖြစ်

ကျောက်ဆည်မြို့မှာ လျှပ်စစ်ဓါတ်အား ၁၀၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မယ့် ဓာတ်ငွေ့သုံး စက်ရုံတရုံ တည်ဆောက်ဖို့ အမေရိကန် အခြေစိုက် APR စွမ်းအင် ကုမ္ပဏီနဲ့ မြန်မာ့ လျှပ်စစ် ဓာတ်အား လုပ်ငန်း MEPE တို့ သဘောတူခဲ့ကြပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံတခု ဖြစ်လာမှာ ဖြစ်ပြီး လူပေါင် ၆ သန်းကျော်အတွက် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၁၃ မှာ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းခဲ့ပြီးတဲ့နောက် အမေရိကန်အခြေစိုက် ကုမ္ပဏီတခုနဲ့ ပထမဆုံး လျှပ်စစ်စွမ်းအင်ဆိုင်ရာ သဘောတူညီမှု ဖြစ်ပါတယ်။

၂၀၁၄ ဒုတိယ ၄ လ ပတ်မှာ လုပ်ငန်းစတင်ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ ပြီးဆုံးမယ်လို့ အေပီအာ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ