ရွှေကျောင်း ပြုပြင်မယ့် စီမံကိန်း ဖွင့်လှစ်

Image caption ကန် သံအမတ် ဒဲရစ်မစ်ချယ်နဲ့ ယဉ်ကျေးမှု ဒုဝန်ကြီး ဖွင့်လှစ်

ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးလက်ရာ တစ်ခုဖြစ်တဲ့ မင်းတုန်းမင်းရဲ့ ရွှေနန်းတော် ကျောင်းကို ပြန်လည် ပြုပြင် ထိန်းသိမ်းတဲ့ စီမံကိန်း ဖွင့်ပွဲကို မန္တလေး ရွှေကျောင်းတော် ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရွှေကျောင်း ပြုပြုရေးကို အမေရိကန် သံအမတ်တွေရဲ့ ယဉ်ကျေးမှု အဆောက်အဦး ထိမ်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေ ၅သိန်းနဲ့ စတင်မှာ ဖြစ်ပြီး ပြုပြင်ရေး ကာလ ၂နှစ် ကြာမယ်လို့ သိရပါတယ်။

ရွှေကျောင်းတော်ကြီးကို အမေရိကန် အကူအညီနဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ မူလ လက်ရာမပျက် ပြုပြင် ထိန်းသိမ်းမှာ ဖြစ်လို့ ကြိုဆိုတဲ့အကြောင်း မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။

ဒီဖွင့်ပွဲကို မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်နဲ့ ယဉ်ကျေးမှု ဒုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ