သမ္မတ ဦးသိန်းစိန်၊ စီးပွားရေး သမားတွေနဲ့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် AFP
Image caption ကျောက်မျက် လုပ်ငန်းရှင်များ အသင်းက ဦးတေဇ လည်း တက်ရောက် ဆွေးနွေး

သမ္မတ ဦးသိန်းစိန်က နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေး ပါတဲ့ လျှပ်စစ် ကဏ္ဍ၊ ဆက်သွယ် ရေးနဲ့ နည်းပညာ ကဏ္ဍတွေ ကို တိုးတက်အောင် လုပ်ပေး မယ်လို့ က ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ စီးပွားရေး အသင်း အဖွဲ့တွေနဲ့ တွေ့ဆုံ ရာမှာ ကတိပေး ပြောဆိုလိုက် ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး လွှတ်တော် အဆောက် အအုံမှာ သမ္မတ ဦးသိန်းစိန် နဲ့ စီးပွားရေး သမားတွေ စနေနေ့ မနက်က တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါ တယ်။

မြန်မာ့ စီးပွားရေး လုပ်ငန်း ရှင်တွေ အတွက် နိုင်ငံခြား စီးပွားရေး သမားတွေနဲ့ ယှဉ်ပြိုင် နိုင်အောင် အရင်က ထက် စီးပွားရေး အာမခံချက်တွေ ရဖို့ လုပ်ဆောင် ပေးသွား မယ်လို့လည်း သမ္မတက ပြောပါတယ်။

ပုဂ္ဂလိက လုပ်ငန်း ရှင်တွေ ဘက်ကတော့ စီးပွားရေး ကဏ္ဍ အလိုက် အကောက်ခွန် ကင်းလွတ် ခွင့်တွေ၊ မူဝါဒ ပိုင်းဆိုင်ရာ ဖြေလျော့ မှုတွေ ပေးဖို့ အစိုးရကို အဓိကထား တောင်းဆိုခဲ့ ပါတယ်။

ဒီ တွေ့ဆုံ ဆွေးနွေး ပွဲကို စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်၊ ပုဂ္ဂလိက စီးပွားရေး ဆောင်ရွက် သူတွေနဲ့ စီးပွားရေး အသင်း အဖွဲ့တွေက ကိုယ်စားလှယ် (၄၀၆)ဦး တက်ရောက်ခဲ့ ပါတယ်။

ကျောက်မျက် လုပ်ငန်းရှင်များ အသင်းက ဦးတေဇ၊ UMFCCI ဥက္ကဌ ဦးဝင်းအောင် တို့အပြင် စက်မှုဇုံ၊ ဟိုတယ်နဲ့ ခရီးသွား၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဆန်စပါး လုပ်ငန်း စတဲ့ စီးပွားရေး လုပ်ငန်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက် ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ