ကျောင်းသားအရေး ဆွေးနွေးပွဲ ဖိအားပေးခံရ

Image caption တက်ရောက်သူများကို လုံခြုံရေးက မှတ်တမ်းယူ

ဒဂုံတက္ကသိုလ်မှာ ဗုဒ္ဒဟူးနေ့က ပြုလုပ်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ဟန့်တားခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်က ကျောင်းသားများ နားနေဆောင် တစ်ခုမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ မစခင် ကတည်းက ကျောင်းအုပ်ချုပ်ရေးက ဟန့်တားတာကို ခံခဲ့ရတာပါ။

မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် ပညာရေး စံနစ်နဲ့ ကျောင်းခေါ်ချိန် ကန့်သတ်ချက်တွေအပေါ် ကျောင်းသားတွေက ဝေဖန်ဆွေးနွေး နေတုန်းမှာ တားဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ လုပ်ကြမယ် ဆိုတဲ့ အကြောင်းကို ကျောင်းထဲက အဆောင်တွေမှာ ကျောင်းသားတွေ သိအောင် လိုက်ပြောစဉ် ကတည်းက အဆောင်ထဲကို ပေးမဝင်တာတွေ ရုံးခန်းကို ခေါ်တွေ့တာတွေ ရှိခဲ့တယ်လို့ ဒီပွဲကို စီစဉ်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကျောင်းသားတွေက ပြောပါတယ်။

ပါဝင်ဆွေးနွေးမယ့် ကျောင်းသားတွေကိုလဲ ဆွေးနွေးပွဲကို မတက်ဖို့ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဒဂုံ တက္ကသိုလ် ရူပဗေဒ ဌာနက ကျောင်းသား ကိုနန်းလင်းက ပြောပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘအုပ်ထိမ်းသူတွေကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့နဲ့ လာတွေ့ဖို့ ချက်ချင်းပဲ ခေါ်ခဲ့ပါတယ်လို့ သိရပါတယ်။

ကျောင်းခေါ်ချိန် ၇၅% ပြည့်မီမှ စာမေးပွဲ ဖြေခွင့်ရှိတယ်ဆိုတယ် ဆိုပေမယ့် ကျောင်းသားတချို့ကပဲ ဒီစည်းကမ်းနဲ့ အရေးယူ ခံနေရပြီး တချို့ကျောင်းသားတွေကျတော့ အထူးကင်းလွတ်ခွင့် ရနေတာမျိုးတွေကို အဲဒီပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တက္ကသိုလ် ဆရာများ အသင်းက တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေလဲ ဖိအားပေးခံရပါတယ်။ ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂ ယာယီ ဥက္ကဌ ဒေါက်တာ အာကာမိုးသူ ဆွေးနွေးနေစဉ်မှာ ဌာနမှုးဖြစ်သူက လာခေါ်ခဲ့ပါတယ်။ နောက်ပြီး ဒီပွဲကို ကျောင်းလုံခြုံရေးတွေက ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာတွေလဲ ရှိတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ