ချင်းပြည်နယ်မှာ ဘိန်းစိုက်ခင်းတွေ များလာ

ဓာတ်ပုံ မူပိုင် na
Image caption ချင်းပြည်နယ်မှာ ဘိန်းစိုက်ခင်း တိုးလာ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ခင်းတွေ များလာလို့ စစ်ဆင်ရေးတရပ်အဖြစ် ဖျက်ဆီးနေရပါတယ်။

တဖက်မှာ ဘိန်းစိုက်တောင်သူတွေလည်း အစားအသောက်အတွက် အခက်အခဲတွေ ကြုံတွေ့လာ ရပါတယ်။

ချင်းပြည်နယ်ဟာ တောတောင်ထူထပ်ပေမယ့် အရင်တုန်းကတော့ ဘိန်းစိုက်ပျိုးမှု အစဉ်အလာမရှိခဲ့ပဲ လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းမှာ ဘိန်းစိုက်ဧကတွေ များလာတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၅ လအတွင်း ဘိန်းစိုက်ပျိုးခင်း ဧက ၆ဝဝ ကျော်လောက်ရှိတဲ့ ဟက်တာ ၂၇ဝ ကျော် ခန့်ကို ဖျက်ဆီးလိုက်ပြီလို့ မြန်မာနိုင်ငံ မူးယစ်ဗဟိုရဲတပ်ဖွဲ့က တာဝန်ရှိရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အခုလို ဘိန်းစိုက်ခင်းတွေ ဖျက်ခံလိုက်ရလို့ တောင်သူတွေ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံိfနေတယ်။

ဒါကြောင့်လည်း အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ထားတဲ့ စီအဲန်အက်ဖ် ချင်းအမျိုးသားတပ်ဦးက ဂျပန် အဲန်ဂျီအို အကူအညီနဲ့ ဆန်ဝေဖို့ စတင် စီစဉ်နေတယ်လို့ စီအဲန်အက်ဖ် လက်ထောက်အတွင်းရေးမှူးချုပ် (၂) ဒေါက်တာရွှေခါးက ပြောပါတယ်။ ချင်းပြည်နယ်မှာ ဘိန်းစိုက်ခင်းပါ ပျောက်အောင်နဲ့ ဘိန်းအစားထိုး စီမံကိန်းတွေလုပ်ပေးဖို့ကိုလည်း စီအဲန်အက်ဖ်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။