ရိုဟင်ဂျာအရေး ဘန်ကောက်မှာ ဆွေးနွေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာအရေး ဒေသတွင်းပြသနာဖြစ်လာ

ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာများဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျူလာလောင်ကောင်း တက္ကသိုလ်မှာ ဆွေးနွေးပွဲတရပ် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ချို့ချို့တဲ့တဲ့နဲ့ နေထိုင်ရတဲ့ ဓါတ်ပုံတွေကို ဓါတ်ပုံ သတင်းထောက် တစ်ဦးက တင်ပြခဲ့ပါတယ်။

နိုင်ငံခြားသား သမိုင်းသုတေသီတစ်ဦးကလည်း ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ အကြောင်းကို သူ့တွေရှိချက်တွေကို ရှင်းသွားပါတယ်။

ရခိုင်ပြည်နယ်၊ စုံစမ်းရေးကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က လူ့မှုအသိုင်းအဝိုင်း ၂ ကြားမှာ စိတ်ဝမ်းကွဲမှုတွေဟာ ကြာမြင့်ခဲ့ပြီဖြစ်လို့ အချိန်ယူဖြေရှင်းရမယ်။ ပညာရေး၊ စီးပွား၊လူမှုရေး ဘက်ပေါင်းစုံက ဖြေရှင်းရမယ်၊ လက်ရှိအစိုးရက စတင် ကြိုးစား ဆောင်ရွက်နေတာကြောင့် ရေရှည်မှာ အကောင်းဘက်ကို ဦးတည်လာမယ်လို့ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့သြစတြေလျနိုင်ငံ တွေအထိကို ရောက်ရှိလာတဲ့အတွက် ဒေသတွင်းပြဿနာအဖြစ် ကုလသမဂ္ဂအပါအဝင် သက်ဆိုင်တဲ့နိုင်ငံတွေအားလုံးက လက်ခံထားတယ်။ အဓိကနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အတွက် အခုလိုဆွေးနွေးပွဲတွေ မကြာခဏလုပ်နေကြတာဖြစ်တယ်လို့ အာဆီယံဆိုင်ရာ သတင်းသုံးသပ်ချက်တွေရေးနေတဲ့ ဝါရင့်သတင်းထောက်တစ်ဦးက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ