ယင်းမာပင်မြို့နယ်ဒေသခံ လယ်မြေ အဓမ္မသိမ်း

_bbc_304x171 ဓာတ်ပုံ မူပိုင် bbc
Image caption လယ်ပိုင်ထွန်ယက်သူ လယ်သမား

စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်၊ အုံတုံပင်ရွာ အနီးက ပုသိမ် မုံရွာ လမ်းဘေး ဝဲယာမှာ ရဲတပ်ရင်းနဲ့ မြို့ပြ စီမံကိန်း အတွက် ဆိုပြီး လျော်ကြေး မပေးဘဲ သိမ်းထားတဲ့ လယ်မြေ တွေ ကို အာဏာပိုင် တွေ ဘက်က အတင်း ဝင်ရောက် မြေညှိ၊ သစ်ပင်တွေ ခုတ်လှဲ တဲ့ အတွက် ဒေသခံ မြေပိုင်ရှင် တွေနဲ့ အချင်းများ ရာ မှာ သံဃာတော် တပါး ဒဏ်ရာ ရခဲ့ပါတယ်။

လယ်မြေဧက ၁၂၃ ဧက ခန့် ကို မြေထိုးစက်တွေ နဲ့ အင်အားသုံး ဝင်ရောက်ပြီး ကန့်ကွက် ဆန္ဒပြသူ တွေ ကို နံပါတ် တုတ်တွေ နဲ့ ရိုက်နှက် တဲ့ အကြောင်း၊ ရုန်းရင်း ဆန်ခတ် ဖြစ်တဲ့ အထဲ ပါတဲ့ ဒဏ်ရာရ ဆရာတော် ဦးဇနက္က က ဘီဘီစီ ကို မိန့်ပါတယ်။

ဒေသခံတွေ ကို သက်ဆိုင်ရာ က လျော်ကြေး အနေနဲ့ မဆိုလောက်တဲ့ မြေကွက်သာ ပေးတဲ့ အတွက် လယ်သမားတွေ ဘက် က လက်မခံကြ တဲ့ အကြောင်း၊ ဆရာတော် ကို လည်း တာဝန်ခံပြီး ဆေးကုသ ပေးမယ် လို့ သက်ဆိုင်ရာ အာဏာပိုင်တွေ က ပြောပေမယ့် ဆရာတော် က လက်မခံဘဲ မုံရွာ သံဃာ့ ဆေးရုံမှာ တက်ရောက် ကုသမှု ပြုခဲ့ကြောင်း မုံရွာမြို့၊ ဝေဠုဝန် ကျောင်းတိုက် မှ ဆရာတော် ဦးဇနက္က က ဘီဘီစီ ကို မိန့်ပါတယ်။