ကြားဖြတ်ရွေးကောက်ပွဲ ပွင့်လင်းရာသီမှာ ကျင်းပမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ဝင်ရောက် ယှဉ်ပြိုင်

မြန်မာ နိုင်ငံ တဝန်း လစ်လပ် နေတဲ့ မဲဆန္ဒနယ် ၃ဝ အတွက် အခုနှစ် ထဲမှာ ကြားဖြတ် ရွေးကောက် ပွဲ တစ်ရပ် ကျင်းပဖို့ ရှိတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြာသပတေး နေ့မှာ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ရာသီ ဥတု သာယာ ချိန် ကျင်းပမယ်လို့ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လွှတ်တော်မှာ ပြောကြား သွားတာ ဖြစ်ပါတယ်။

အဓိက လစ်လပ် နေတဲ့ နေရာတွေ ကတော့ အမျိုးသား လွှတ်တော် မှာ ၆ နေရာ နဲ့ ပြည်သူ့ လွှတ်တော် မှာ ၁၃ နေရာ ဖြစ်ပြီး တော့ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာက ၁၇ နေရာ စုစုပေါင်း ၃၀ ကျော် ရှိပါတယ်။

ပြီး ခဲ့တဲ့ ၂၀၁၂ ဧပြီလ တုန်းက လစ်လပ် နေရာ ၄၀ ကျော် အတွက် ပထမ အကြိမ် ကြားဖြတ် ရွေးကောက် ပွဲကို ကျင်းပ ပေးခဲ့ ပါတယ်။ လစ်လပ် သွားတယ် ဆိုတာကတော့ ကွယ်လွန် သွားတာ နဲ့ အစိုးရ အဖွဲ့ဝင် ဖြစ်သွားတဲ့ အမတ် နေရာတွေ အတွက် လစ်လပ် သွားတာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ကတော့ စက်တင်ဘာလ နဲ့ အောက်တိုဘာလ ဝန်းကျင် မှာ ကျင်းပ နိုင်လိမ့် မယ် လို့ခန့် မှန်းပါတယ်။

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း ကလည်း ကြားဖြတ် ရွေးကောက်ပွဲကို သတ်မှတ်ပြီး မကျင်းပ နိုင်တာ ရှိခဲ့တဲ့ အတွက် ဒါဟာ အခြေခံ ဥပဒေရဲ့ အားနည်း ချက် ဖြစ်လို့၊ အဲဒီ မဲဆန္ဒနယ်က လူတွေ ဟာ တကယ်တမ်း နစ်နာမှုတွေ ရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့်မို့ အခြေခံ ဥပဒေ မှာ ပြင်ဆင်မှု တွေ လုပ်သင့်တယ် လို့လည်း ဦးရဲထွန်းက သုံးသပ်သွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ