၂ဝ၁၄-၁၅ အစိုးရအသုံးစရိတ်ဥပဒေကြမ်း တင်သွင်း

Image caption လွှတ်တော်မှာ ၂၀၁၄ - ၁၅ ဘတ်ဂျတ် တင်သွင်းပြီ

၂ဝ၁၄-၂ဝ၁၅ အတွက် အစိုးရအသုံးစရိတ် ဘတ်ဂျက်ငွေ အမျိုးသားစီမံကိန် ဥပဒေကြမ်းကို အစိုးရကိုယ်စားလှယ်က မနေ့တုန်းကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအသုံးစရိတ်က ကျပ်ငွေသန်းပေါင်း ၂၁ သန်း ၉ သိန်းကျော်ဖြစ်ပြီး အစိုးရ ဝင်ငွေက ကျပ်ငွေသန်းပေါင်း ၁၉ သန်းကျော် ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် လိုငွေပြမှု ကျပ်သန်းပေါင်း နှစ်သန်း ခုနှစ်သိန်း ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

အသုံးစရိတ်တွေထဲမှာ စွမ်းအင်ကဏ္ဍမှာ ကျပ်သန်းပေါင်း ၃သန်း ၂ သိန်း သုံးမှာ လျာထားတဲ့ အတွက် အများဆုံး သုံးမှာ ဖြစ်ပြီး ကာကွယ်ရေးက ကျပ်သန်းပေါင်း ၁သန်း ၃ သိန်းနဲ့ ဒုတိယ အများဆုံး လိုက်နေပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးမှာတော့ စွမ်းအင်နဲ့ ကာကွယ်ရေးထက် နှစ်ဆ လျော့နည်းက ပညာရေး ကဏ္ဍမှာ ကျပ်သန်းပေါင်း ခြောက်သိန်း ငါးသောင်းနဲ့ ကျန်းမာရေးမှာတော့ ကျပ်သန်းပေါင်း တသန်း တသိန်း သုံးမယ်လို့ ဆိုပါတယ်။

ပါလီမန် သက်တမ်း သုံးနှစ် အတွင်းမှာ ကာကွယ်ရေး အသုံးစရိတ်ကို Figure လောက်ဘဲ ဖော်ပြတာဖြစ်လို့ ဆွေးနွေးဖို့ ခက်ပြီး အရေးမပါလှဘူးလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် အခု တင်ပြထားတဲ့ အတိုင်း အတည်ပြုဖို့ ဖြစ်နိုင်ချေ များပြီး ညှိစရာ မကျန်သလောက် ဖြစ်နေတာကြောင့် လာမယ့် တနင်္လာနေ့မှာ ဆွေးနွေးကာ အင်္ဂါနေ့မှာ ဆုံးဖြတ် အတည်ပြုသွားနိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ